Showing posts with label youtube. Show all posts
Showing posts with label youtube. Show all posts

Go Jesus It's your birthday

ဒီနှစ်ခရစ်စမတ်အတွက်Vigin-Mobileမှအထူးတလည်ရိုက်ကူးထားသော၁မိနစ်၃၆စက္ကန့်စာကြော်ငြာလေးဖြစ်ပါတယ်။ခံစားကြည့်
ကြပါ။

Read More...

ဟစ်ဟော့ပ်ဘွားဘွားများ


ဝူယင်သည် အသက်၇၁နှစ်ရှိပြီး မြေးတို့ရဲ့အဘွားတယောက်ဖြစ်ပေမယ့် သူမသည် ယနေ့ ကမ္ဘာမှာခေတ်စားနေတဲ့ ဟစ်ဟော့ပ်ဂီတနဲ့ မစိမ်းတဲ့ အပြင် ဟစ်ဟော့ပ်အကဆုတွေ တသီကြီးရယူပိုင်ဆိုင်ထားသူပါ။
သူမ အသက်၆၀ကျော်လောက်မှစတင်ပြီး ဟစ်ဟော့ပ်ဂီတနဲ့ အကကို စတင်လေ့လာလိုက်စားခဲ့ရာ အခုဆိုရင် အမျိုးသမီး ၃၀ကျော် ပါဝင်သော ဟစ်ဟော့ပ်ဘွားဘွားများဆိုတဲ့ အဖွဲ့တခုကို ဦးဆောင်သူတဦးဖြစ်လာခဲ့ပါပြီ။
အဖွဲ့ဝင်အများစုဆိုရင် အသက်၆၀ကျော်တ၀ိုက်ဖြစ်ပြီးအငယ်ဆုံးက ၄၈နှစ်အရွယ်ရှိပါသည်။ တရုတ်နိုင်ငံအတွင်းတဖြည်းဖြည်းလူသိများလာတဲ့ သူမတို့ရဲ့ အဖွဲ့က လာမယ့် တရုတ်အိုလံပစ်မှာ ပါဝင်ဆင်နွှဲမယ်လို့ဆိုပါတယ်။

via pranks
China grannies take hip-hop over hip replacements( Reuters )

Read More...

Metal: A Headbanger's Journey




မက်တယ်လ်ကြိုက်နှစ်သက်သူတွေအတွက် စိတ်ဝင်စားဖို့ကောင်းသော မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ ၁၂သားအရွယ်မှစပြီး မက်တယ်လ်ဂီတကို ကြိုက်နှစ်သက်သော Sam Dunn ဆိုသူက ကမ္ဘာအနှံ့သွားပြီး အမျိုးအစားမတူညီသော မက်တယ်လ်ဂီတ၀ိုင်းများနဲ့သူတို့ရဲ့ ဂီတတွေကို မှတ်တမ်းတင်ရိုက်ကူးထားပါတယ်။ အစအဆုံးရုပ်ရှင်လင့်ခ်မရှိတော့တဲ့အတွက် ယူကျုပ်ကနေဘဲ အပိုင်းတိုလေးတွေကြည့်ရှုခံစားကြည့်ကြပါ။
Link

Read More...

The Shock Doctrine

The Shock Doctrine by Alfonso Cuarón and Naomi Klein

DIRECTED BY JONÁS CUARÓN. Alfonso Cuarón, director of "Children of
Men", and Naomi Klein, author of "No Logo", present a short film from
Klein's book "The Shock Doctrine: The Rise of Disaster Capitalism."



အထက်က ရုပ်ရှင်ကားတိုလေးကြည့်ပြီး ကြိုက်လို့တင်လိုက်တာပါ။ ပြီးတော့ နာအိုးမိရဲ့ နိုးလိုဂို စာအုပ်ကို နည်းနည်းစိတ်ဝင်တစားရှိလာတာနဲ့ လိုက်ရှာရင်း အီးဘွတ်ခ်လင့်ခ်တခုရလိုက်တယ်။ ဒါပေမယ့် ဖတ်ဖို့ဖီလင်မရှိသေးတာနဲ့ ထုံးစံအတိုင်းနောက်မှဆိုပီးတေးထားလိုက်ရတယ်။
The Shock Doctrine by Naomi Klein


ebook link

Read More...

404 Post

The 404 or Not Found error message is an HTTP standard response code indicating that the client was able to communicate with the server but either the server could not find what was requested, or it was configured not to fulfill the request and not reveal the reason why. 404 errors should not be confused with "server not found" or similar errors, in which a connection to the destination server cannot be made at all.

၄၀၄ ကြိမ်မြောက်ပို့စ်လို့ဆိုရမှာဘဲ။ ၄၀၄ ဆိုတာက အင်တာနက်ဝက်ဘ်မှာ အမှားအယွင်းတခုခုဖြစ်နေရင် သုံးတဲ့အသုံးအနှုန်းပါ။ ဒါပေမယ့် အခုပို့စ်ကတော့ အမှားအယွင်းတော့မဟုတ်ပါဘူး။ အမှန်အကန်ပေါ့။ ဟဲ ဟဲ......
့ ဒီပို့စ်ကတော့ ဒစ်ဂျစ်တယ်လသတင်းခေတ်ပြောင်းတော်လှန်ရေးကို မီးမောင်းထိုးပြထားတဲ့ ဗွီဒီယိုအကြောင်းလို့ဘဲပြောရမှာဘဲ။ boingboing မှာဖတ်ရတဲ့ Information R/evolution ဗွီဒီယိုအကြောင်းဖြစ်ပါတယ်။ သတင်းအချက်အလက်တွေ ၀က်ဘ်အင်တာနက်ပေါ်မှာဘယ်လိုစီးဆင်းတာကို Michael Weschဆိုသူက ဖော်ပြရှင်းလင်းထားပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ဗွီဒီယ်ုဖြစ်တဲ့အတွက် ရှုစားကြည့်ကြပါကုန်။



Read More...

ကိစ္စမရှိဘူး



ဦးဂျုံကြီးလို့သူ့ကိုယ်သူဗမာနာမည်ပေးထားတဲ့ အမေရိကန်တယောက်က နှစ်လိုဖော်ရွေဖွယ်ကောင်းသော ဗမာ့ယဉ်ကျေးမှုနှင့် ရိုးသားဖြူစင်လှသောဗမာလူမျိုးများအကြောင်း
ရေးသားစပ်ဆိုထားသော ဆုရဂီင်္တဗွီဒီယိုဖြစ်ပါတယ်။ နားသောတဆင်ကြည့်ကြပါ။

ဗွီဒီယိုကိုမျှဝေပေးတဲ့ နေးတစ်မန်ဘာ xxxxx ကိုကျေးဇုးတင်ပါတယ်။

Read More...

ရီမောဟားတိုက်စဖွယ် ဂျပန်ဗွီဒီယိုများ

Japanese tv tetris game
ငယ်ငယ်တုန်းက ပေါ့ပါးလက်ကိုင်ဂိမ်းနဲ့ တုံးစီတန်းကစားတဲ့ဂိမ်းကိုမှတ်မိမှာပေါ့။ အဲ့ဂိမ်းကိုနမူနာယူပြီး တော့ လူတွေကိုလုပ်ခိုင်းထားတဲ့ ဂိမ်းပါ။


ကလေးများကို အိမ်သာဘယ်လိုသုံးရမလဲဆိုတာ ပညာပေးထားတဲ့ ဗွီဒီယိုဆိုပေမယ့် တော်တော်ရီရတယ်။
အထူးသဖြင့် ပါးပါး မားမားက သူတို့ကလေး တို့ရဲ့ စကားပြောသံ သေးအီးညှစ်သံတွေက မပြုံးမရီဘဲမနေနိုင်ဘူး။

Read More...

၇နှစ်နှစ်သား ချာတိတ်ဂျင်မီပေ့ခ်ျ

၇နှစ်ပဲရှိသေးတဲ့ ချာတိတ်က Led Zeppelin ရဲ့ နာမည်ကျော်သီချင်း stairway to heaven ကို လက်စွမ်းပြသွားတဲ့ ဗီဒီယိုလေးဗျာ...တော်လိုက်တာ။ သားမွေးရင်တော့ အဲ့လိုဖြစ်အောင်သင်ပေးပြီး သားရှာတဲ့ငွေနဲ့ထိုင်စားမလားလို့။
ဟဲ ဟဲ ဟဲ..

Read More...

Mario: Game Over

Read More...

စိတ်ဝင်စားဖွယ်အန်နီမေးရှင်းဗွီဒီယို


ချစ်စရာကောင်းတဲ့ သီချင်းနဲ့ဗွီဒီယိုပါ။
အန်နီမေးရှင်းက အတော့်ကိုကောင်းတယ်။

Read More...