Showing posts with label world. Show all posts
Showing posts with label world. Show all posts

သဘာဝကျကျအာဖရိကဖက်ရှင်


လူသားတို့၏အခြေခံအကျဆုံးInstinctတွင်ဂီတပါဝင်သလိုဖက်ရှင်သည်လည်းSenseတစ်ခုဖြစ်ကြောင်းအောက်ပါအာဖရိကသ
ဘာဝဖက်ရှင်များကပြသနေသည်။မိတ်ကပ်၊ကြောင်လျှောက်စတိုင်၊ဒီဇိုင်နာများမပေါ်ထွန်းမည်လူသားတို့သဘာဝအတိုင်းဖက်
ရှင်ဆင်ယင်ကြကြောင်းရှေးကျလှသည့်လူသားအစအာဖရိကဒေသကဖေါ်ပြနေသည်။


အပြည့်အစုံဖတ်ရန်

Read More...

ဇင်ဘာဘွေတွင်၁၀သန်းတန်ငွေစက္ကူထုတ်


ဇင်ဘာဘွေတွင်ယမန်နှစ်အတွင်းကရုတ်ချည်းစီးပွါးရေးကျဆင်းမှုကြောင့်ဆိုးရွားသောငွေကြေးဖေါင်းပွမှုများဖြစ်ပေါ်ခဲ့ပြီးဇင်ဘာဘွေ
ဒေါ်လာ၂သိန်းတန်အထိထုတ်လုပ်ခဲ့ရကြောင်းပထမအကြိမ်အဖြစ်ဘိုးစိန်တွင်ရေးသားခဲ့ဖူးပြီးဖြစ်သည်။ယခုတွင်လည်းစီးပွါးရေးကျ
ဆင်းမှုများနှင့်ငွေကြေးဖေါင်းပွမှုများဆက်လက်၍ထိမ်းမနိုင်သိမ်းမရဖြစ်နေခြင်းများကြောင့်ဇင်ဘာဘွေဒေါ်လာ၁၀သန်းတန်ငွေစက္ကူ
များစတင်ထုတ်လုပ်သုံးစွဲတော့မည်ဟုDaily-Mailဝက်ဆိုဒ်တွင်ဖေါ်ပြထားသည်။

ဇင်ဘာဘွေနိုင်ငံReserve-Bank၏ဥက္ကဋ္ဌGideon-Gonoကဒေါ်လာ၁၀သန်းတန်ငွေစက္ကူများနှင့်အတူဒေါ်လာ၅သန်းတန်နှင့်၁သန်း
တန်ငွေစက္ကူများပါအတူပူးတွဲထုတ်ဝေသွားမည်ဟုဆိုသည်။ဇင်ဘာဘွေနိုင်ငံ၏လက်ရှိငွေကြေးဖေါင်းပွမှုနှုန်းထားမှာ၂၅၀၀၀ရာခိုင်
နှုန်းဟုဆိုသော်လည်းသီးခြားလွတ်လပ်သည့်အဖွဲ့အစည်းများ၏လေ့လာချက်အရာအမှန်တကယ်ဖေါင်းပွမှုနှုန်းထားမှာ၁သိန်း၅သောင်း
ရာခိုင်နှုန်းခန့်အထိရှိနိုင်မည်ဟုခန့်မှန်းကြသည်။ထို့ကြောင့်ပင်၂၀၀၆ခုနှစ်သြဂုတ်လမှအစပြု၍ငွေစက္ကူများအားသုညသုံးလုံးအထိ
တန်ဖိုးတိုးမြှင့်ခဲ့ရပြီးနောက်ဆုံးထုတ်ဝေထားသောငွေစက္ကူမှာဒေါ်လာ၇သိန်း၅သောင်းတန်ဖြစ်သည်။Gideon-Gonoကဆက်လက်
ပြီးပြောကြားရာတွင်ဇင်ဘာဘွေနိုင်ငံသားများအနေအဖြင့်တစ်နေ့လျှင်ဒေါ်လာသန်း၅၀မှသန်း၅၀၀ထိဘဏ်မှထုတ်ယူခွင့်ရှိပြီးစစ်
သားများနှင့်ရဲများအတွက်အထူးအစီအစဉ်ဖြင့်ငွေထုတ်ယူမှုပြုလုပ်နိုင်ရန်စီမံနေကြောင်းဆိုသည်။

ဇင်ဘာဘွေဒေါ်လာ၁၀သန်း၏မှောင်ခိုဈေးကွက်တန်ဖိုးမှာအင်္ဂလိပ်ငွေ၂ပေါင်စတာလင်ခန့်နှင့်ညီမျှပြီးသာမန်ကော်ဖီဆိုင်တစ်ဆိုင်မှ
ဟန်ဘာဂါတစ်လုံးအတွက်ဇင်ဒေါ်လာ၁၅သန်းခန့်ပေးရမည်ဖြစ်သည်။ဟန်ဘာဂါဈေးနှုန်းများမှာယခုလအတွင်းပင်သုံးဆခန့်မြင့်တက်
ခဲ့ပြီးပေါင်းမုန့်၊အသားနှင့်အခြားသောအခြေခံစားသုံကုန်ပစ္စည်းများရှားပါးမှုကြောင့်ဖြစ်သည်ဟုသိရှိရသည်။

Read More...

Sunniမူစလင်နှင့်Shiaမူစလင်ဟူ၍ဖြစ်ပေါ်လာပုံ


Distribution of Sunni and Shia in the world

ခရစ်ယန်ဘာသာတွင်ကက်သလစ်နှင့်Easten-Orthodoxဟူသောဘာသာရေးဂိုဏ်းကြီးနှစ်ဂိုဏ်းကွဲခဲ့ပြီးထိုမှတဆင့်ပရိုတက်စတင့်
ကဲ့သို့ဂိုဏ်းများထပ်မံကွဲသွားသကဲ့သို့အစ္စလမ်ဘာသာတွင်လည်းSunniနှင့်Shiaဟူ၍ဂိုဏ်းကြီးနှစ်ဂိုဏ်းကွဲခဲ့ကြသည်။သို့သော်မတူ
ညီသည့်အချက်မှာခရစ်ယန်ဂိုဏ်းကွဲမှုသည်ယေရှုကားစင်အတင်ခံရပြီးနောက်နှစ်ရာပေါင်းများစွာကြာမှအစပြုခဲ့သော်လည်းအစ္စ
လမ်ဂိုဏ်းကွဲမှုမှာပရောဖက်မိုဟာမက်သေဆုံးပြီးပြီးခြင်းပင်အစပြုခဲ့သည်။

ပို၍တိတိကျကျဆိုရသော်အေဒီ၆၃၂ခုနှစ်ဂျွန်လ၈ရက်တွင်ဖြစ်သည်။ပရောဖက်မိုဟာမက်မရှိတော့သည်နောက်သူ၏အရိုက်အရာ
အားဆက်ခံမည့်ဘာသာရေးခေါင်းဆောင်အားမူဆလင်များရွေးချယ်ရတော့မည့်အချိန်ကြရောက်လာချေပြီ။ထို့ကြောင့်Medinaမြို
တွင်နောက်လိုက်များစည်းဝေးတိုင်ပင်ကြရာမှAbu-Bakr(မိုဟာမက်၏တပည့်သာဝကကြီးဖြစ်သလို၊အစောဆုံးမူဆလင်ဖြစ်လာသူ
များမှတစ်ဦး)ကသူသာအမှန်တကယ်ခေါင်းဆောင်ဖြစ်သင့်ကြောင်းဆိုသည်။အကြောင်းမှာမိုဟာမက်နာမကျန်းဖြစ်ကာဝတ်ပြုဆု
တောင်းများဦးမဆောင်နိုင်တော့သည့်အချိန်တွင်Abu-Bakrအားဦးဆောင်စေခဲ့ခြင်းကြောင့်ဖြစ်သည်။ထိုသို့Abu-Bakrနှင့်သူ့အား
ဆက်ခံခဲ့ကြသည့်အခြားခေါင်းဆောင်၃ဦး(အစ္စလမ်ဘာသာတွင်မှန်ကန်သည့်ခေါင်းဆောင်ကြီး၎ဦးဟူ၍ရှိသည်)အားလက်ခံသူ
နောက်လိုက်များကိုSunniမူစလင်ဟုခေါ်ပြီးကမ္ဘာ့မူစလင်အရေအတွက်၏၉၀ရာခိုင်နှုန်းရှိသည်။

သို့ရာတွင်Abu-Bakr၏ဆက်ခံမှုအားမထောက်ခံသည့်အုပ်စုတစ်စုလည်းရှိနေပြန်သေးသည်။ခေါင်းဆောင်အမည်မှာAli-ibn-Abi
Talibဖြစ်ပြီးမိုဟာမက်နှင့်ညီအစ်ကိုဝမ်းကွဲတော်စပ်သလိုသားမက်လည်းတော်စပ်သူဖြစ်သည်။မိုဟာမက်သည်Ghadir-Khumတွင်
တရားဟောကြားစဉ်ကAli-ibn-Abi-Talibအား"mawla"(အင်္ဂလိပ်ဘာသာဖြင့်Master)တစ်ဦးအဖြစ်ပြောဆိုသုံးနှုန်းသွားခဲ့ဖူးခြင်း
ကြောင့်သူသာဆက်ခံသင့်သည်ဟုဆိုသည်။Aliနှင့်သူ့အားထောက်ခံသူနောက်လိုက်များအားShiat-Ali(အင်္ဂလိပ်ဘာသာဖြင့်the
Party-of-Ali)ဟုခေါ်ကြပြီးယနေ့အချိန်တွင်တော့Shiaဟုသာသိကြတော့သည်။ထို့အပြင်Aliသည်နောက်ဆုံးတွင်ခေါင်းဆောင်ကြီး
၎ဦး၏စတုတ္ထမြောက်ဆက်ခံသူနေရာအားရရှိခဲ့သည်။ဆိုလိုရင်းမှာSunniများအတွက်Abu-Bakrသည်မိုဟာမက်နောက်ပထမဆုံး
ဆက်ခံသူခေါင်းဆောင်ဖြစ်ပြီးAliမှာစတုတ္ထမြောက်ဆက်ခံသူဖြစ်သည်။သို့သော်Shiaများအတွက်တော့Aliမှာမိုဟာမက်နောက်ပထ
မဆုံးဆက်ခံသူဖြစ်သည်။

Sunniနှင့်Shiaတို့သည်ကိုးကွယ်ကျင့်သုံးရာအဖြစ်ခိုရမ်ကျမ်းအားအဓိကအသုံးပြုကြသော်လည်းမတူကွဲပြားခြားနားသောhadiths
ခေါ်အစဉ်အလာနှင့်ခိုရမ်အားပြန်လည်အဓိပ္ပယ်ဖွင့်ဆိုချက်များကြောင့်ဘာသာရေးစည်းမျဉ်းစည်းကမ်းများမတူညီကြချေ။အရေအ
တွက်အရလည်းSunniများသည်ကမ္ဘာအဝှမ်းတွင်လူများစုဖြစ်ပြီးShiaများမှာအီရန်နှင့်အီရတ်တွင်သာလူများစုအဖြစ်တည်ရှိကြ
သည်။

Source: Neatorama, Wikipedia

Read More...

Guinness Book of World Records 2008:Gamer's Edition


၅၃နှစ်ကြာကမ္ဘာ့အထူးအဆန်းအကြောင်းအရာများအားစံချိန်တင်မှတ်သားလာခဲ့သည့်The-Guinness-Book-of-World-Records
သည်ယခုနှစ်တွင်တော့တမူထူးခြားသည့်အစီအစဉ်သစ်အဖြစ်Gamer’s-Editionစာအုပ်အားလာမည့်ဖေဖေါ်ဝါရီလ၈ရက်နေ့တွင်
စတင်ထုတ်ဝေမည်ဟုဆိုသည်။

ဤစာအုပ်တွင်အခြားသောအကြောင်းအရာများကဲ့သို့ပင်Gameလောကသမိုင်းတစ်လျှောက်ရှိထူးထူးခြားခြားစံချိန်များအားမှတ်
တမ်းတင်ထားသည်။ဥပမာSuper-Mario-Brothersဂိမ်း၏အမြင့်ဆုံးရမှတ်စံချိန်၊Halo2တွင်မသေအောင်အကြာဆုံးကစားနိုင်ခဲ့
သည့်စံချိန်၊Counterstrikeဆာဗာတစ်ခုတွင်လူအများဆုံးကစားခဲ့သည့်ပွဲအစရှိသဖြင့်ဖြစ်ကြသည်။ထို့အပြင်ဗီဒီယိုဂိမ်းများနှင့်ပတ်
သက်သည့်အချက်အလက်များအားTriviaပုံစံဖြင့်ပါတင်ပြပေးထားသည်ဟုဆိုသည်။Guinnessမှပြောပြချက်အရစံချိန်မှတ်တမ်း
များအားမပြတ်ဆက်လက်မှတ်တမ်းတင်ပြီးနှစ်စဉ်ထုတ်ဝေရန်ပါအစီအစဉ်ရှိကြောင်းလည်းသိရသည်။

အမြည်းအနေဖြင့်၂၄ရွက်အားဤနေရာတွင်ဖတ်ရှုနိုင်သည်။

Read More...

Benazir Buhutto(1953-2007)၏ဓာတ်ပုံ ပေါ်မှဘဝအပိုင်းအစအချို့

ဖအေ့ခြေရာနင်းမည့်သူ


ဆင်းမလား၊၁၉၇၂

ဖခင်ဖြစ်သူပါကစ္စတန်ဝန်ကြီးချုပ်Zulfikar-Ali-Bhuttoနှင့်အိန္ဒိယဝန်ကြီးချုပ်Indira-Gandhiတို့ဆင်းမလား၌၂နိုင်ငံအရေး
ဆေးနွေးစဉ်၊အတူလိုက်ပါလာသူBenazir။ငယ်ရွယ်စဉ်ကပင်ဖခင်၏မပြီးပြတ်သေးသောတာဝန်များဆက်လက်ထမ်းရွက်
မည်ဟုကတိပေးခဲ့ဖူးသည်။
အစ္စလမ်ကမ္ဘာမှ၂၀ရာစုအမျိုးသမီး


၁၉၇၇

၁၉၇၇အောက်စဖို့မှဘွဲ့ရအပြီးများမကြာမီတွင်ရိုက်ကူးထားသောပုံ။၁၆နှစ်အရွယ်တွင်ပင်ဟားဗတ်တက္ကသိုလ်Radcliffe
Collegeသို့ရောက်ရှိခဲ့ပြီးအောက်စဖို့မှဒသနိကဗေဒ၊နိုင်ငံရေးသိပ္ပံနှင့်ဘောဂဗေဒတို့ဖြင့်BAဘွဲ့ရရှိခဲ့သည်။မိခင်နိုင်ငံတွင်
လိုလေသေးမရှိဖြတ်သန်းခဲ့ရသော်လည်းတစ်ကိုယ်တည်းဟားဗတ်ကျောင်းသူဘဝသည်သူမအားများစွာရင့်ကျက်ကြီးပြင်း
စေခဲ့သည်ဟုအင်တာဗျူးတစ်ခုတွင်ပြောခဲ့ဖူးသည်။

ထို့အပြင်အောက်စဖို့ယူနီယံခေါ်ထိတ်တန်းစကားရည်လုအဖွဲ့ကြီး၏ပထဆုံးသောအာရှအမျိုးသမီးဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံ
ခဲ့ဖူးသည်။၁၉၇၉နိုင်ငံရေးလောကသို့မဝင်မှီထိDiplomatဘဝအားဖြတ်သန်းခဲ့သည်။


နိုင်ငံရေးဘဝအတွက်လက်ထပ်ခဲ့သူ


လက်ထပ်ပွဲ၊၁၉၈၇

ချမ်းသာကြွယ်ဝသောစီးပွါးရေးလုပ်ငန်းရှင်Asif-Ali-Zardariနှင့်လက်ထပ်ခဲ့သည်။လူအများစုကမလိုက်ဖက်ဟုဝေဖန်
ကြပြီးသူမအားခေတ်ပညာတတ်၊အမှီအခိုကင်းမဲ့သည့်အမျိုးသမီးအဖြစ်ရှုမြင်ထားကြသည်။သူမကမူဆလင်နိုင်ငံ၏
မူဆလင်နိုင်ငံရေးပါတီအားဦးဆောင်ရမည့်သူမအတွက်ရိုးရာအတိုင်းမိဘအစီစဉ်အားခေါင်းညှိမ့်ခဲ့ခြင်းမှာအနာဂတ်
နိုင်ငံရေးဘဝအတွက်ပေးဆပ်ခဲ့ရသောတန်ဖိုးဖြစ်သည်ဟုဆိုခဲ့သည်။


အမျိုးသမီးဝန်ကြီးချုပ်


ရွေးကောက်ပွဲ၊၁၉၈၈

ရွေးကောက်ပွဲအပြီးသူမ၏ပုံတူပန်ချီကားချပ်တွင်အမှတ်တရလက်မှတ်ထိုးပေးနေစဉ်။၁၉၈၈ဒီဇင်ဘာ၁ရက်နေ၌ပါ
ကစ္စတန်၏ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးသမိုင်းစာမျက်နှာသစ်ဖွင့်လှစ်နိုင်ခဲ့သည်။


တစ်ကျော့ပြန်ဝန်ကြီးချုပ်


ရွေးကောက်ပွဲအပြီး၊၁၉၉၃

၁၉၉၃၊အောက်တိုဘာ၇ရက်နေ့၌ရွေးကောက်ပွဲတွင်ပြန်လည်အနိုင်ရရှိခဲ့ပြီးဒုတိယအကြိမ်မြောက်ဝန်ကြီးချုပ်အဖြစ်
ဖခင်ကြီး၏ပုံတူရှေ့တွင်အောင်ပွဲခံနေစဉ်။သူမ၏ဖခင်ဖြစ်သူသည်ဗိုလ်ချုပ်Zia-ul-Haqဦးဆောင်သည့်စစ်တပ်အာ
ဏာသိမ်းပွဲအပြီးတွင်ဖမ်းဆီးခံရပြီး၁၉၇၉၌ကြိုးပေးကွပ်မျက်ခြင်းခံရသည်။ဖခင်ကြီး၏ပုံရိပ်သည်သူမ၏နိုင်ငံရေးဘ
ဝတွင်များစွာအထောက်အကူပေးနိုင်ခဲ့သည်။


ပြည်တော်ပြန်


Karachiလေဆိပ်၊၂၀၀၇

ရွေးကောက်ပွဲအတွက်ပါကစ္စတန်သို့အပြန်လေဆိပ်တွင်သောင်းသောင်းဖြဖြကြိုဆိုနေကြသောလူအုပ်ကြီးနှင့်လေ
ယာဉ်ပေါ်မှအဆင်းစိတ်လှုပ်ရှားနေစဉ်။များမကြာမီဗုံးခွဲလုပ်ကြံရန်ကြိုးစားခြင်းခံရသည်။


နောက်ဆုံးခရီး


GARHI-KHUDA-BAKHSH၊ဒီဇင်ဘာ၂၈၊၂၀၀၇

သူမအားနောက်ဆုံးဂါရဝပြုရန်၊ထောင်ပေါင်းများစွာသောပြည်သူများမော်တော်ကား၊လယ်ထွန်စက်၊ခြေကျင်ခရီးတို့ဖြင့်
GARHI-KHUDA-BAKHSHသို့ရောက်ရှိလာကြသည်။

ဓာတ်ပုံ(Ap/Afp/Aol/Abc news)

Read More...

Unicef Photo of the Year 2007



ပထမဆု

အမေရိကန်ဓာတ်ပုံပညာရှင်Stephanie-Sinclair၏လက်ရာတစ်ခုဖြစ်သည်။အသက်၄၀အရွယ်သတို့သားMohammed-Faizနှင့်
အသက်၁၁နှစ်အရွယ်သတို့သမီးGhulamတို့၏အါဖဂန်နိုင်ငံမှမင်္ဂလာပွဲဖြစ်သည်။Ghulam၏ဆင်းရဲသောမိဘများမှာငွေလိုအပ်၍
ဤကဲ့သို့သမီးအားပေးလိုက်ရခြင်းဖြစ်သည်ဟုဖေါ်ပြထားသည်။သတို့သားကသူမအားဆက်လက်ကျောင်းထားပေးမည်ဟုကတိ
ပေးထားသော်လည်းအများစုမှာသံသယဝင်နေဆဲဖြစ်သည်။

Unicef၏မှတ်တမ်းများအရကမ္ဘာနှင့်အဝှမ်းတွင်အမျိုးသမီးသန်းပေါင်း၆၀မှာအရွယ်မရောက်ခင်အိမ်ထောင်ပြုခဲ့ရသူများဖြစ်ပြီထက်
ဝက်ကျော်မှာတောင်အာရှနိုင်ငံများမှဖြစ်သည်ဟုဆိုသည်။အိန္ဒိယနိုင်ငံရှိRajasthanပြည်နယ်တစ်ခုထဲတွင်ပင်ဇနီးများအားလုံး၏
၁၅ရာခိုင်နှုန်းမှာအသက်၁၀နှစ်အောက်နှင့်အိမ်ထောင်ပြုခဲ့ရသူများဖြစ်ကြသည်။အီဂျစ်တွင်ကောက်ယူရရှိထားသောမှတ်တမ်းများ
အရဆိုလျှင်ကလေးဇနီးများ၏သုံးပုံတစ်ပုံမှာခင်ပွန်း၏ရိုက်နှက်ခြင်းခံဖူးသူများဖြစ်သည်ဟုဝန်ခံပြောကြားကြသည်။ထို့အပြင်Unicef
မှပြောကြားရာတွင်ခလေးဇနီးများသည်ကလေးမွေးဖွါးနိုင်ကြောင်းသက်သေပြနိုင်ရန်တွန်းအားပေးခံရသူများဖြစ်လေ့ရှိသည်ဟုဆို
သည်။သို့သော်အသက်၁၀နှစ်မှ၁၄နှစ်အရွယ်မိန်းကလေးများကလေးမွေးဖွါးသောအခါသက်ဆုံးရှုံးနိုင်ခြေနှုန်းမှာအရွယ်ရောက်ပြီး
အမျိုးသမီးများထက်၅ဆထိမြင့်မားသည်။

အခြားသောဆုရပုံများနှင့်နောက်ခံအကြောင်းအရာများအားဤနေရာတွင်ကြည့်ပါ။

Read More...

ကမ္ဘာ့လက်ဝဲနှင့်လက်ယာ ယာဉ်ကြောစနစ်ပြမြေပုံ

Click for better image


ကမ္ဘာ့နိုင်ငံအသီးသီးမှာအသုံးပြုနေကြတဲ့လက်ဝဲ(သို့)လက်ယာဘယ်ယာဉ်စည်းကမ်းစနစ်ကိုအသုံးပြုလဲဆိုတာကိုပြတဲ့မြေပုံဖြစ်ပါ
တယ်။လက်ဝဲကပ်မောင်းစနစ်ဟာဗြိတိသျှစနစ်တခုဖြစ်တဲ့အတွက်ကိုလိုနီဖြစ်ခဲ့ဘူးတဲ့အိန္ဒိယနဲ့အရှေ့တောင်အာရှနိုင်ငံတစ်ချို့၊သြ
စတြေးလျတို့အပြင်နိုင်ငံအချို့မှာဆက်လက်သုံးစွဲနေဆဲပါ။

အဲဒီတော့မြန်မာဟာလည်းဗြိတိသျှကိုလိုနီဟောင်းပြီပြီအရင်ကလက်ဝဲကပ်မောင်းစနစ်ကိုအသုံးပြုခဲ့ဘူးပါတယ်။ဒါပေမယ့်ဗိုလ်
ချုပ်နေဝင်းအာဏာရလာပြီးနောက်ပိုင်းမှာရုတ်တရက်လက်ဝဲကနေလက်ယာကိုပြောင်းစေဆိုတဲ့အမိန့်ထွက်လာခဲ့ပါတော့တယ်။
ပြောင်းခဲ့တဲ့ခုနှစ်ကိုအတိအကျရှာမတွေ့ပေမဲ့ဗေဒင်၊နက္ခတ်၊ယတြာ၊နိမိတအစရှိတာတွေကိုအလွန်အမင်းယုံကြည်သူဗိုလ်ချုပ်နေ
ဝင်းဟာလက်ဝဲဆိုတဲ့စကားလုံးကိုအလွန်အမင်းထိတ်လန့်တဲ့အတွက်ပြောင်းချင်းလို့ရှေ့မှီနောက်မှီများဆီကသိရပါတယ်။အဲဒီအ
ချိန်ထိကွန်မြူနစ်များဟာမြန်မာအစိုးရအဆက်ဆက်ကိုဖိအားအမျိုးမျိုးပေးနိုင်တဲ့အင်အားအကြီးဆုံးအတိုက်အခံပါတီတစ်ခုပါ။
ရလဒ်ကတော့ကျနော်တို့မြင်တွေ့သုံးစွဲနေတဲ့လက်ယာကပ်မောင်းစနစ်ပေါ့။

ယျေဘူယျအားဖြင့်ညာမောင်းမော်တော်ယာဉ်များကိုလက်ဝဲစနစ်မှာအသုံးပြုပြီး၊ဘယ်မောင်းမော်တော်ယာဉ်များကိုလက်ယာ
စနစ်မှာအသုံးပြုလေ့ရှိတယ်လို့မှတ်သားမိပါတယ်။

Read More...

"w00t"is Merriam Webster's word of the Year!!


Image Hosted by ImageShack.us

နှစ်စဉ်ရွေးချယ်မြဲဖြစ်သည့်Merriam-Websterအဘိဓာန်၏၂၀၀၇"Word-of-the-year"အားW00tဆိုသောအင်တာနက်ပေါ်စကား
လုံးမှရရှိသွားသည်။Merriam-Websterဝက်ဆိုဒ်တွင်စကားလုံးပေါင်းနှစ်ဆယ်ကျော်အားသုံးစွဲသူများမှတဆင့်မဲပေးရွေးချယ်ခဲ့ခြင်း
ဖြစ်သည်။အထက်ပါစကားလုံး၏အနက်မှာပျော်ရွှင်ခြင်း၊စိတ်လှုပ်ရှားခြင်းတို့အားဖေါ်ထုတ်ပြသခြင်းဖြစ်ပြီး၊အွန်လိုင်းဂိမ်းကစားသူ
များပြိုင်ဘက်အားအနိုင်ယူုပြီးသောအခါ"w00t"ဟုအောင်ပွဲခံရာမှစတင်ခဲ့ခြင်းဖြစ်သည်။"Yay"ဟူသော်စကားလုံးနှင့်အနက်တူဖြစ်
သော်လည်းထူးခြားချက်မှာအင်္ဂလိပ်အက္ခရာအိုအားမသုံးပဲသုညနှစ်လုံး"00"အားအသုံးပြုခြင်းဖြစ်သည်။

Global-Language-Monitor၏ဥက္ကဋ္ဌPaul-Payackကအင်္ဂလိပ်ဘာသာစကားသည်တစ်နှစ်ထက်ကမ္ဘာမှုပြုခြင်းအသွင်ပိုမိုဆောင်
လာပြီးယခုနှစ်တွင်အိန္ဒိယ၊စင်္ကာပူနှင့်တရုတ်ပြည်သုံးအင်္ဂလိပ်စကားလုံးများပါရွေးချယ်သည့်အထဲတွင်ပါဝင်သည်ဟုဆိုသည်။

အပြည့်အစုံဖတ်ရန်

Read More...

ကမ္ဘာ့တင်ပါးအလှပြိုင်ပွဲ

Image Hosted by ImageShack.us

အောက်တိုဘာ၃၁ရက်နေ့ကဂျာမဏီနိုင်ငံတွင်Sloggiအတွင်းခံကုမ္ပဏီမှကြီးမှုးကျင်းပခ၍ကမ္ဘာ့တင်ပါးအလှပြိုင်ပွဲတစ်ရပ်ကျင်း
ပခဲ့သည်။အွန်လိုင်းမှပြိုင်ပွဲဝင်လျှော်လွှာပေါင်း15000ကျော်ရရှိခဲ့ပြီး၊နောက်ဆုံးစကာတင်များအကြားမှအမျိုးသားအမျိုးသမီးချန်
ပီယံတစ်ဦးစီရွေးချယ်ခဲ့ရာအသက်၁၉နှစ်အရွယ်ဘူဂေးရီးရားမှKristina-Dimitrovaနှင့်အသက်၂၄နှစ်အရွယ်ရိုမေးနီးယားမှ
Andrei-Andreiတို့ဆွတ်ခူးရရှိသွားကြသည်။ဆုကြေးငွေအဖြစ်ယူရိုငွေ၁၀၀၀၀စီသာမကSoggiအတွင်းခံကုမ္ပဏီ၏မော်ဒယ်အဖြစ်
ပါစာချုပ်ချုပ်ဆိုခြင်းခံရသည်ဟုသိရှိရသည်။

Read More...

Wagahမြို့မှထူးဆန်းသော နယ်စပ်ပိတ်ပွဲ

Photo Sharing and Video Hosting at Photobucket

တစ်ဦးနှင့်တစ်ဦးရန်စကြသော်လည်း...

Wagahမြို့သည်အိန္ဒိယနှင့်ပါကစ္စတန်နှစ်နိုင်ငံအကြားတရားဝင်ဖြတ်သန်းသွားလာနိုင်သည့်တစ်ခုတည်းသောနယ်စပ်မြို့လေးဖြစ်
သည်။ဗြိတိသျှအင်ပါရာအောက်မှအိန္ဒိယနိုင်ငံသစ်အဖြစ်မွေးဖွားလာသည့်အချိန်တွင်၊မူဆလင်အမျိုးသားများကဟိန္ဒူအများစုရှိ
သည့်အိန္ဒိယမှမူဆလင်နိုင်ငံသစ်တစ်ခုထူထောင်လိုကြသည်။အကြောင်းမှာလူနည်းစုမူဆလင်များအနှိမ်ခံရမည်စိုးသဖြင့်ဖြစ်သည်။
ထို့ကြောင့်ပင်ဗြိတိသျှတို့လက်အောက်မှတရားဝင်လွတ်လပ်ရေးရလုရခင်မှာပင်ပါကစ္စတန်နိုင်ငံအဖြစ်ခွဲထွက်ရန်စီမံပြီးဖြစ်နေကြ
သည်။လွတ်လပ်ရေးတိုက်ပွဲကာလအတွင်းတွင်လည်းဟိန္ဒူနှင့်မူဆလင်ညီနောင်တို့သွေးချောင်စီးသတ်ပွဲများဖြစ်ပွါးခဲ့ဖူးသည်။ဤ
သို့ဖြင့်၁၉၄၇ခုနှစ်တွင်အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံသစ်တို့ပေါ်ပေါက်လာခဲ့ကြပြီးယနေ့ထိစစ်ပွဲသုံးကြိမ်ဖြစ်ခဲ့ပြီးဖြစ်၏။

လွတ်လပ်ရေးရရှိခဲ့သည့်၁၉၄၇မှအစပြု၍ထိုတစ်ခုတည်းသောနယ်စပ်ဂိတ်မြို့လေးတွင်ထူးဆန်းသောဂိတ်ပိတ်ပွဲအခမ်းအနားအား
နေ့စဉ်နီးပါးမပျက်မကွက်ကျင်းပလာသည်မှနှစ်ပေါင်း၆၀ကျော်ခဲ့ပြီဖြစ်သည။်နေဝင်ချိန်ရောက်လာသည်နှင့်တစ်ပြိုင်နက်နှစ်ဖက်
နိုင်ငံမှခပ်ကြောင်ကြောင်ဦးထုတ်ဆောင်းထားသောစစ်သည်များသည်တစ်ဖက်နှင့်တစ်ဖက်ရန်စသောအပြုအမူများအားစစ်ချီ
ဟန်ပါပါပြုမူကြပြီး၊နှစ်နိုင်ငံအလံအားပြိုင်တူဖြေးဖြေးခြင်းချစေသည်။နှစ်ဖက်နိုင်ငံမှပရိတ်သတ်များသည်မျိုးချစ်စိတ်တက်ကြွဖွယ်
သီချင်းများအားဖွင့်ရင်းအလံများဝှေ့ရန်းကာအားပေးကြသည်။ဤအခန်းအနားသည်နောက်ဆုံးတွင်နှစ်ဖက်အရာရှိနှစ်ဦးလက်ဆွဲ
နှုတ်ခြင်းဖြင့်အဆုံးသတ်သည်။

Photo Sharing and Video Hosting at Photobucket

ဤကဲ့သို့လက်ဆွဲနှုတ်ဆက်၍ပွဲသိမ်းသည်။


အခန်းအနားအကျဉ်းချုပ်အားကြည့်ရန်


Read More...

WindowsအားLinuxဖြင့်အစားထိုးရန်ကျူးဘားပြင်


ကျူးဘားနိုင်ငံတွင်တစ်နိုင်ငံလုံးအတိုင်းအတာနှင့်အသုံးပြုနေသောမိုက်ခရိုဆော့Windowsစနစ်မှအခမဲ့အသုံးပြုနိုင်သည့်GNU
/Linuxစနစ်အားပြောင်းလဲတော့မည်ဟုဆိုသည်။အကြောင်းရင်းမှာမဟာရန်သူအမေရိကန်ပိုင်မိုက်ခရိုဆော့ကော်ပိုရေးရှင်း၏
ထုတ်ကုန်အားလုံးဝအားထားမှီခိုနေရခြင်းနှင့်၊အမေရိကန်အစိုးရ၏စီးပွားရေးပိတ်ဆို့မှုတို့အားဖြေရှင်းရန်ဖြစ်သည်။လုပ်သား
ပေါင်း၃၈၀၀ကျော်ခန့်အားမကြာသေးမှီကပင်သင်တန်းများပို့ချထားပြီးထပ်မံ၍၆၀၀ခန့်မှာလည်း၎လသင်တန်းအပြင်းအထ်န်
တက်ရောက်နေကြကာစနစ်သစ်အားအစားထိုးရန်ပြင်ဆင်နေကြသည်။ထိုသင်တန်းများမှာ၂၀၀၅ခုနှစ်ကတည်းကအစီအစဉ်ရှိ
ရှိဖြင့်ပို့ချနေခြင်းဖြစ်သည်။

Linuxစနစ်သည်အခမဲ့အသုံးပြုနိုင်သောUnix-typeစနစ်ဖြစ်ပြီးပထမဦးဆုံသောLinux-kernelအား၁၉၉၁ခုနှစ်တွင်
Linus-Torvaldsမှစတင်ရေးသားခဲ့သည်။ထို့အပြင်Open-Sourceဖြစ်သည့်အတွက်လည်းမည်သူမဆိုSource-codeများ
အားရယူပြင်ဆင်နိုင်သေးသည်။တန်ဖိုးကြီးလှသောမိုက်ခရိုဆော့ဖ်၏Windownsစနစ်နှင့်နိုင်းယှဉ်လျှင်လိုအပ်ချက်များရှိသေး
သော်လည်းအခမဲ့ရနိုင်ခြင်း၊Privacyပိုမိုရနိုင်ခြင်းတို့ကြောင့်ရေပန်းစားသည့်စနစ်တစ်မျိုးဖြစ်သည်။

အပြည့်အစုံဖတ်ရန်

Read More...

ဘိုင်ဘိုင်Google(အီရန်)



အဖြတ်အတောက်အစစ်အဆေးပေါင်းများစွာနှင့်သုံးစွဲနေရသောအီရန်နိုင်ငံ၏အင်တာနက်တွင်ယနေ့မှအစပြု၍ဂူဂယ်နှင့်ဂျီမေး
အသုံးပြုခွင့်အားလုံးဝပိတ်ပင်လိုက်ကြောင်းတရားဝင်ကြေငြာလိုက်သည်။အကြောင်းရင်းအားတိကျစွာထုတ်ဖေါ်ပြောကြား
ခြင်းမရှိသေးသော်လည်းအီရန်သည်ယခင်ကတည်းကလိင်မှု၊နိုင်ငံရေး၊အမျိုးသမီးအခွင့်အရေးနှင့်Social-ကွန်ယက်ဆိုဒ်များ
၊ဘလော့များအားတင်းတင်းကျပ်ကျပ်ပိတ်ပင်ထားသည့်နိုင်ငံဖြစ်သည်။အီရန်နိုင်ငံ၏ISPသည်မြန်မာနိုင်ငံတွင်အသုံးပြုသည့်
Keyword-trigger-filteringစနစ်ကိုပင်အသုံးပြုသည့်အတွက်ပိတ်ဆို့လိုသည့်ဆိုဒ်များသာမကအခြားသောအသုံးဝင်သည့်ဆိုဒ်
များပါဝင်မရလေ့ရှိကြောင်းသိရသည်။ယခုနှစ်အတွင်းတွင်အီရန်သည်အစ္စလမ်ယဉ်ကျေးမှုနှင့်မညီညွတ်သောအကြောင်းကိစ္စအ
တော်များများပြင်းပြင်းထန်ထန်နှိမ်နင်းလျှက်ရှိရာSatelliteတီဗီများပင်ပါဝင်သည်ဟုဆိုသည်။

အပြည့်အစုံဖတ်ရန်

Read More...

How free is your country?


ပုံကြီးချဲ့ကြည့်ရန်

ဒီတစ်ပတ်တိုင်းမဂ္ဂဇင်းယူအက်စ်အက်ဒီရှင်မှာပါလာတဲ့How-free-is-your-country?ဆိုတဲ့မြေပုံလေးကိုတွေ့မိလို့ပြန်တင်
ပေးလိုက်ပါတယ်။Worldwide-Governance-indicatorsရီပို့အရနိုင်ငံတွေကိုပြည်သူလူထုရဲ့လွတ်လပ်ခွင့်၊မိမိအမြင်ကို
တင်ပြနိုင်ခွင့်၊အစိုးရကိုလွတ်လပ်စွာရွေးချယ်နိုင်ခွင့်အစရှိတာတွေကိုမူတည်ပြီးအဆင့်သတ်မှတ်တယ်လို့ဆိုပါတယ်။အမေရိ
ကန်ပြည်ထောင်စုကတော့အစိုးရအပေါ်အယုံအကြည်နည်းပါးလာမှု၊မီဒီယာလွတ်လပ်ခွင့်တွေကိုချုပ်ကိုင်နေမှုတွေကြောင့်
၂၀၀၅တုန်းကရထားတဲ့နံပတ်၂၂နေရာကနေတောင်၃၅ကိုလျှောကျသွားပါပြီ။ကျနော်မှတ်မိသလောက်တော့၂၀၀၀ခုနှစ်က
အမေရိကန်တွေနံပတ်၁၀တွင်းဝင်နေတယ်လို့မှတ်သားမိပါတယ်။အတိအကျတော့မသေချာပါဘူး။အဲဒီနောက်ကျနော်တို့အ
မိမြေကနောက်ဆုံးနေရာကနေထွက်တော်မူလာပါတော့တယ်။ဘာကြောင့်လဲတော့ပြောနေစရာလိုပါဘူးနော..။

မြေပုံပေါ်ပါနိုင်ငံတစ်ချို့
ဒိန်းမတ် ၁၀၀%(Best)
ကနေဒါ ၉၄.၂%
ၾသစေၾတးလ် ၉၃.၈%
ယူကေ ၉၂.၈%
အမေရိကန် ၈၃.၇%
မက္ကဆီကို ၅၂.၄%
ရုရှား ၂၄%
ကျူးဘား ၇.၂%
တရုတ် ၄.၈%
မြန်မာ ၀%(Worst)

Read More...

ဇင်ဘာဘွေတွင်ငွေကြေးဖေါင်းပွမှုကြောင့် ၂သိန်းတန်ငွေစက္ကူထုတ်


ဇင်ဘာဘွေနိုင်ငံတွင်တနေ့တခြားဆိုးဝါးလာသောစီးပွားရေးအခြေနေနှင့်ငွေကြေးဖေါင်းပွမှုအားထိမ်းချုပ်နိုင်ရန်အတွက်ဇင်ဘာ
ဘွေဒေါ်လာ၂၀၀၀၀၀တန်အားရိုက်နှိပ်ထုတ်ဝေလိုက်ရသည်ဟုသိရှိရပြီးကမ္ဘာပေါ်တွင်ဂဏန်းတန်ဖိုးအကြီးဆုံးငွေစက္ကူအဖြစ်
လည်းမှတ်တမ်းဝင်သွားသည်။ယင်းနိုင်ငံ၏လက်ရှ&#