Showing posts with label tech. Show all posts
Showing posts with label tech. Show all posts

Mp3 Player၁၀နှစ်ပြည့်ပြီ


ကမ္ဘာ့ပထမဆုံးMp3ဖွင့်စက်Mpman-F10

ကလေးနှင့်လူငယ်များသာကမယခုအခါလူကြီးများပါတွင်တွင်ကျယ်ကျယ်အသုံးပြုနေပြီဖြစ်သောMp3ဖွင့်စက်ကလေးများ၏သက်
တမ်းသည်Marchလတွင်၁၀နှစ်ပြည့်သွားပြီဟုဆိုသည်။ကမ္ဘာ့ပထမဆုံးသောဈေးကွက်ဝင်Mp3ဖွင့်စက်မှာကိုးရီးယားနိုင်ငံ၊Saehan
Information-Systemsမှထုတ်လုပ်သောMPMan-F10ဖြစ်ပြီး၁၉၉၈ခုနှစ်မတ်လတွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ထို့နောက်ဂျာမဏီ
နိုင်ငံHannoverမြို့ရှိCeBITပြပွဲတွင်ပထမဆုံးပြသခဲ့ပြီးမှဈေးကွက်အတွင်းအလုံးအရင်းနှင့်စတင်ဖြန့်ချီခဲ့ခြင်းဖြစ်သည်။

F10တွင်32mb-Flashမန်မိုရီပါဝင်ပြီးကွန်ပျူတာနှင့်ချိတ်ဆက်ရန်ယနေ့ခေတ်ကဲ့သို့USB-PortအားမသုံးပဲParallel-Portအားအ
သုံးပြုထားသည်။ထို့အပြင်သေးငယ်သောLCD-Displayတစ်ခုပါဝင်ကာအရွယ်အစားမှာ91x70x165.5mmရှိသည်။အမေရိကန်
နိုင်ငံတွင်ဒေါ်လာ၂၅၀နှင့်စတင်ရောင်းချခဲ့သော်လည်းDiamond-Multimediaမှထုတ်လုပ်သည့်Rio-PMP300ဝင်ရောက်လာသည့် နောက်ပိုင်းဒေါ်လာ၂၀၀ခန့်သို့ကျဆင်းသွားသည်ဟုဆိုသည်။

Diamond-Multimedia၏Rio-PMP300မှာပိုမိုအောင်မြင်၍ရေပန်းစားခဲ့ပြီးMp3.comနှင့်ပူးပေါင်းကာအင်တာနက်ပေါ်တွင်သီ
ချင်းများရောင်းချနေခဲ့သေးသည်။သို့သော်များမကြာမီအမေရိကန်တေးသံသွင်းလုပ်ငန်းများRIAAအဖွဲ့မှဥပေဒချိုးဖေါက်သည်
ဟုဆိုကာတရားစွဲဆိုပြီးMP3ဖွင့်စက်များရောင်းချမှုကိုပိတ်ပင်ရန်ကြိုးစားခဲ့သည်။လအတန်ကြာတရားရင်ဆိုင်ခဲ့ကြပြီးတရား
ရုံးမှ"Mp3ဖွင့်စက်သည်အသံဖမ်းစက်အဟုတ်သည့်အပြင်၊အသုံးပြုသူများ၏တရားမဝင်Mp3များနှင့်လည်းမသက်ဆိုင်ဟု"ဆုံး
ဖြတ်ချက်ချခဲ့သည်။

၂၀၀၃ခုနှစ်အရောက်တွင်AppleမှIpodအားWindowsအသုံးပြုသူများပါအသုံးပြုနိုင်ရန်ဖန်တီးပေးလိုက်ခြင်းဖြင့်၊ရှေးဦးကုမ္ပဏီ
များအားကျော်လွှားပြီးဈေးကွက်အားချုပ်ကိုင်လိုက်နိုင်သည်။

Read More...

မေ့လျော့တတ်သူများအတွက်Cyber Googles


ဂျပန်နိုင်ငံတိုကျိုတက္ကသိုလ်မှပညာရှင်တစ်စုသည်တပ်ဆင်သူကြည့်ရှုသမျှအရာဝတ္ထုပစ္စည်းများအားဗီဒီယိုအဖြစ်ခွဲခြားမှတ်
တမ်းတင်ပြီး၊Databaseအတွင်းတွင်သိမ်းဆည်းထားနိုင်သောCyber-Gogglesအမည်ရှိမျက်မှန်အားဖန်တီးထားကြောင်းဂျ
ပန်အခြေဆိုက်Sankeiသတင်းတစ်ရပ်မှဆိုသည်။Cyber-Goggles၏အထက်ပါစွမ်းဆောင်ရည်ကြောင့်ပစ္စည်းများပျောက်ရှ
သည့်အခါ(ဥပမာ-သော့ပျောက်ခြင်း)လွယ်လင့်တကူပြန်လည်ရှာဖွေနိုင်ကြောင်းဖန်တီးသူများထဲမှတစ်ဦးဖြစ်သူပရောဖက်ဆာ
Tatsuya-Haradaကအာမခံပြောကြားသွားသည်။

Cyber-Gogglesတွင်သေးငယ်သောကင်မရာပါရှိပြီး၊ရိုက်ကူးထားသည့်ဗီဒီယိုအားဝတ်ဆင်သူ၏နောက်ကျောတွင်တပ်ဆင်ထား
သောကွန်ပျူတာငယ်ထံသို့ဦးစွာပို့ပေးသည်။ထို့နောက်ကွန်ပျူတာမှimage-recognitionဆော့ဝဲအသုံးပြုကာအရာဝတ္ထုများကို
အမျိုးအစားခွဲခြားမှတ်သားလိုက်ပြီး၊အသုံးပြုသူမှပြန်လည်ရှာဖွေသောအခါမျက်မှန်ညာဖက်ရှိသေးငယ်သောLCDဖန်သားပြင်
ပေါ်တွင်ဗီဒီယိုအဖြစ်ပြန်လည်ဖေါ်ပြပေးသည်။

လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းကတိုကျိုတက္ကသိုလ်တွင်ကျင်းပခဲ့သောအစမ်းပြပွဲတွင်၊မိုဘိုင်းဖုန်း၊တူ၊အလှပန်းအိုးအစရှသည့်
နေ့စဉ်သုံးပစ္စည်းအမျိုး၆၀ခန့်အားခွဲခြားနိုင်ရန်မျက်မှန်၏မှတ်ဥာဏ်တွင်းထည့်သွင်းထားခဲ့ပြီး၊စမ်းသပ်သူမှလှည့်လည်ကြည့်ရှု၍
လွယ်လင့်တကူပြန်လည်ရှာဖွေနိုင်ခဲ့သည်ဟုဆိုသည်။ပရော်ဖက်ဆာTatsuya-HaradaကCyber-Gogglesသည်မေ့လျော့လွယ်
သောသက်ကြီးရွယ်အိုများအတွက်အရေးပါသောကိရိယာဖြစ်လာမည်သာကမ၊အနာဂတ်လူတူစက်ရုပ်များဖန်တီးရာတွင်လည်း
များစွာအသုံးဝင်မည်ဖြစ်ကြောင်းပြောပြသွားခဲ့သည်။

Read More...

ဂျပန်ရှိအိုမင်းလယ်သမားများအတွက်အကူစက်ရုပ်ဝတ်စုံ


ဂျပန်နိုင်ငံတွင်အသက်အရွယ်ကြီးရင့်လာကြပြီဖြစ်သောလယ်သမားများအားခွန်အားပြည့်ဆက်လက်လုပ်ဆောင်နိုင်ရန်ကြွက်သား
များကိုကူညီဖေးမပေးနိုင်သည့်စက်ရုပ်ဝတ်စုံတစ်မျိုးအားတိုကျိုစိုက်ပျိုးရေးနှင့်နည်းပညာတက္ကသိုလ်မှပရိုဖက်ဆာShigeki-Toyama
ဦးဆောင်သောပညာရှင်တစ်စုကဖန်တီးပေးထားသည်ဟုဂျပန်အခြေစိုက်Sankeiသတင်းစာမျက်နှာတွင်ဖေါ်ပြထားသည်။

ဝတ်စုံတွင်တပ်ဆင်ထားသောအာရုံခံကိရိယာများမှပေးပို့သောသတင်းအချက်အလက်များအားအခြေပြုပြီးပခုံး၊ဒူး၊ခြေထောက်နှင့်
လက်များအတွက်မော်တာ၈လုံးမှကူညီထောက်ပံပေးသွားမည်ဖြစ်သည်။ထို့ကြောင့်လေးလံသောအရာဝတ္ထုပစ္စည်းများအားသယ်
ယူရာတွင်ခွန်အားများစွာမစိုက်ရတော့သလိုလက်မြှောက်၍သစ်ကိုင်းများခုတ်ခြင်း၊မုန်လဥကဲ့သို့ထိုင်၍အားစိုက်နှုတ်ယူရသောစိုက်
ပျိုးပင်များအတွက်လည်းညောင်းညာခြင်းများစွာသက်သာစေမည်ဖြစ်သည်။ဇန်နဝါရီလ၉ရက်နေ့ကအစမ်းပြသခဲ့သောအစီအစဉ်
တွင်အသက်၂၅နှစ်အရွယ်မဟာသိပ္ပံဘွဲ့ကျောင်းသားRyosuku-Tanakaမှ၄၄ပေါင်(၂၀ကီလိုဂရမ်)လေးသောဆန်အိတ်အားမပြ
ရင်း"မထားမှန်းတောင်သိပ်သတိမထားမိဖူး"ဟုဆိုသွားခဲ့သည်။

ထုတ်လုပ်ရေးကုမ္ပဏီများအနေဖြင့်၎နှစ်ခန့်အချိန်တွင်စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်မည်ဟုခန့်မှန်းထားပြီးဈေးနှုန်းမှာဒေါ်လာ
၄၅၀၀မှ၉၀၀၀ခန့်ထိရှိနိုင်မည်ဟုသိရသည်။

Read More...

ဈေူးဝယ်ခြင်းအားတစ်ခေတ်ဆန်းသစ်စေမည့်Media Cart


ကုန်တိုက်ကြီးများနှင့်စူပါမားကတ်ကြီးများ၌အသုံးပြုသည့်ဈေးဝယ်တွန်းလှည်းများတွင်ထိုလှည်းများမှတဆင့်ဈေးဝယ်သူများအ
တွက်ကြော်ငြာများနှင့်အထောက်အကူပေးနိုင်မည့်သတင်းအချက်အလက်များပေးပို့နိုင်ရန်Microsoftကော်ပိုရေးရှင်းမှကြိုပမ်း
လျှက်ရှိသည်ဟုအေပီသတင်းတစ်ရပ်တွင်ဖေါ်ပြထားသည်။Microsoftသည်တက္ကဆပ်ပြည်နယ်မှMediaCart-Holdings-Incနှင့်
အတူပူးပေါင်း၍ဆိုင်ရှိရောင်းကုန်ပစ္စည်းများအားလွယ်လင့်တကူရှာဖွေပေးနိုင်ပြီးကောင်တာတွင်စောင့်ဆိုင်းရန်မလိုမိမိဘာသာ
စစ်ဆေးငွေပေးချေနိုင်သောဒစ်ဂျစ်ဒယ်စနစ်တရပ်အားဈေးဝယ်တွန်းလှည်းများတွင်တပ်ဆင်ရန်ကြိုးပမ်းနေသည်မှာ၎နှစ်ကြာ
ခန့်ရှိပြီဖြစ်သည်ဟုဆိုသည်။

Microsoftသည်ယမန်နှစ်ကအွန်လိုင်းကြော်ငြာကုမ္ပဏီaQuantiveအားဒေါ်လာ၆ဘီလျံနှင့်ဝယ်ယူခဲ့ခြင်းမှာဈေးဝယ်လှည်းများ
၏ဖန်သားပြင်ပေါ်တွင်ကြော်ငြာများထည့်သွင်းနိုင်ရန်အတွက်အင်အားဖြည့်တင်းလိုက်ခြင်းဖြစ်သည်။၂၀၀၈ခုနှစ်၏နှစ်ဝက်ခန့်
မှအစပြု၍Wakefern-Food-Corpပိုင်အမေရိကန်အရှေ့ဘက်ကမ်းရှိShopRiteစူပါမားကတ်များတွင်အဆိုပါခေတ်သစ်ဈေး
ဝယ်လှည်း(သို့)Media-Cartများအားစမ်းသပ်အသုံးပြုမည်ဖြစ်သည်။ShopRiteစူပါမားကတ်များ၏ဖေါက်သည်ကဒ်ပြားပိုင်ဆိုင်
သူများသည်ဝက်ဆိုဒ်သို့ဝင်ရောက်၍မိမိဝယ်လိုသောပစ္စည်းစားရင်းအားပြုလုပ်နိုင်ပြီးစူပါမားကတ်သို့အရောက်တွင်ကဒ်ပြား
အားလှည်းတွင်ဖြတ်လိုက်ရုံဖြင့်မိမိအိမ်တွင်ပြုလုပ်ထားခဲ့သောပစ္စည်းစားရင်းပေါ်လာမည်ဖြစ်သည်။ထို့နောက်လိုအပ်သည့်
ပစ္စည်များအားလှည်းတွင်းသို့ထည့်တိုင်းစားရင်းမှဖယ်ထုတ်ပေးကာ၊စုစုပေါင်းကျသင့်ငွေပါပေါ်နေမည်ဖြစ်သည်။

ထို့အပြင်Media-Cartစနစ်တွင်RFIDခေါ်radio-frequency-identificationနည်းပညာအားအသုံးပြုထားခြင်းကြောင့်လှည်းများ
ဆိုင်တွင်းရှိမရှိအားအချိန်မရွေးသိရှိနိုင်မည်ဖြစ်သည်။RFIDနည်းပညာ၏အခြားသောအသုံးဝင်မှုတစ်ခုမှာဈေးဝယ်သူ၏တည်
နေရာပေါ်မူတည်၍သက်ဆိုင်သည့်ကြော်ငြာများလွှင့်ထုတ်ဖမ်းယူပေးနိုင်ခြင်းဖြစ်သည်။ဥပမာ-ဈေးဝယ်သူသည်ဘီစကွတ်များ
ရောင်းချသည့်အတန်းသို့ရောက်ရှိနေပါကဘီစကွတ်အမျိုးမျိုး၏ကြော်ငြာများပေါ်လာမည်ဖြစ်ပြီး၊ယနေ့မည့်သည့်အမျိုးအစား
များဈေးလျှော့ရောင်းချပေးနေကြောင်းအစရှိသည့်အချက်အလက်များပါပါဝင်မည်ဖြစ်သည်။သို့သော်ကြော်ငြာများနှင့်ဈေး
လျှော့ကူပွန်များပိုမိုကောင်းမွန်စွာအလုပ်လုပ်နိုင်ရန်မူဆက်လက်ကြိုးပမ်းနေသေးကြောင်းMicrosoftမှထုတ်ဖေါ်ပြောကြားသွား
သည်။

ထို့အပြင်Microsoftသည်ဈေးဝယ်သူများအားကြော်ငြာရှင်များပိုမိုထိရောက်စွာကြော်ငြာနိုင်ရန်အတွက်ဈေးဝယ်သူများ၏ဈေး
ဝယ်ပစ္စည်းမှတ်တမ်းကိုဖေါက်သည်ကဒ်ပြားမှတဆင့်မှတ်သားထားနိုင်ရန်အတွက်ပါဆောက်ရွက်လျှက်ရှိသည်။Microsoft၏
ကြော်ငြာကဏ္ဍမန်နေဂျာScott-Ferrisက"ဒါဟာကြော်ငြာရုံသက်သက်မဟုတ်ပဲပိုမိုလွယ်ကူစွာဈေးဝယ်နိုင်ဖို့အတွက်လည်းပါ
ပါတယ်"ဟုပြောပြသွားခဲ့သည်။သို့သော်Microsoftအပါအဝင်မည့်သည့်ကုမ္ပဏီမှဈေးဝယ်သူများ၏ကိုယ်ရေးကိုယ်တာအချက်အ
လက်များအားအသုံးပြုမည်မဟုတ်ဟုဆိုသည်။

www.mediacart.com

Read More...

Apple၏ကမ္ဘာ့အပါးဆုံးNotebook "Macbook Air"


ဆန်ဖရန်ဆစ္စကိုတွင်ကျင်းပနေသည့်Macworld2008တွင်Apple၏CEO၊Steve-Jobက"ကျနော်တို့ကမ္ဘာပေါ်မှာအပါးဆုံးသော
Notebookကိုတီထွင်လိုက်ပါပြီ"ဟုဂုဏ်ယူဝင့်ကြွားစွာဖြင့်MacBook-Airအားမိတ်ဆက်ပြသသွားခဲ့သည်။MacBook-Airသည်
ကမ္ဘာပေါ်တွင်အပါးလွှာဆုံးသောNotebookအဖြစ်မှတ်တမ်းတင်သွားပြီးအလေးချိန်၃ပေါင်(၁.၃၆ကီလိုဂရမ်)သာလေးသည်။အ
ပါးဆုံးသောစက်၏ရှေ့ပိုင်းမှာဝ.၁၆လက်မသာရှိပြီးအထူဆုံးဖြစ်သည့်စက်နောက်ပိုင်းမှာလည်းဝ.၇၆လက်မသာရှိသဖြင့်စာတိုက်
သုံးစာအိတ်အလတ်စားထဲသို့ပင်ထည့်သွင်းနိုင်သည်။ယခုလက်ရှိပေါက်ဈေးမှာဒေါ်လာ၁၇၉၉ဖြစ်ပြီးလာမည့်နှစ်ပတ်သုံးပတ်
အတွင်းစတင်ရောင်းချနိုင်မည်ဟုဆိုသည်။

အသေးစိတ်အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • 13.3-inch LED-backlit glossy widescreen display with 1280x800 resolution
  • 1.6 GHz Intel Core 2 Duo processor with 4MB L2 cache
  • 800 MHz front-side bus
  • 2GB of 667 MHz DDR2 SDRAM
  • 80GB hard disk drive with Sudden Motion Sensor
  • Intel Graphics Media Accelerator X3100
  • Micro-DVI port (includes Micro-DVI to VGA and Micro-DVI to DVI Adapters)
  • built-in iSight video camera
  • built-in AirPort Extreme 802.11n wireless networking and Bluetooth 2.1+EDR
  • one USB 2.0 port
  • one headphone port
  • multi-touch TrackPad with support for advanced multi-touch gestures including tap, scroll, pinch, rotate and swipe
  • 45 Watt MagSafe Power Adapter



Read More...

HD-DVDနှင့်Bluerayသင်ကြိုက်ရာရွေး


HD-DVD,Blureray-Discဆိုတာဘာလဲ?
HD-DVDနှင့်Bluerayဆိုသည်မှာရုပ်ရှင်များ၊ဂိမ်းများ၊ဆော့ဝဲများအစရှိသည့်ဖိုင်များအားသိမ်းဆည်းနိုင်သည့်DVDကဲ့သို့သောမီ
ဒီယံတစ်မျိုးဖြစ်သည်။DVDသည်၁၉၉၇ခုနှစ်တွင်ဈေးကွက်အတွင်းစတင်ဝင်ရောက်ခဲ့ပြီးနောက်ယခုအခါအဖက်ဖက်မှပိုမိုကောင်း
မွန်သောမျိုးဆက်သစ်နှစ်မျိုးဈေးကွက်အတွင်းဝင်ရောက်အစားထိုးလာခြင်းဖြစ်သည်။အထူးသဖြင့်ရုပ်ရှင်များဖြန့်ချီရာတွင်Stand
ard-DVDအစားHD-DVDနှင့်Bluerayတို့ကိုသာအနာဂတ်တွင်တွေ့မြင်ရတော့မည်ဖြစ်သည်။

DVDထက်ဘာများပိုကောင်းလို့လဲ?
HD-DVDနှင့်Bluerayတို့နှစ်ခုစလုံးသည်ဒေတာသိုလှောင်နှုန်းမြင့်မားလှသည့်optical-discအမျိုးအစားဖြစ်ပြီးlayer၂ထပ်ပါDVD
ထက်ဒေတာများ၅ဆခန့်ထိသိုလှောင်ထားနိုင်သည်။ထို့ကြောင့်ရုပ်ရှင်များထုတ်လုပ်ရောင်းချရာတွင်ဒေတာပမာဏကြောင့်High
Definitionခေါ်လွန်စွာကြည်လင်ပြတ်သားလှသည့်ရုပ်သံအရည်အသွေးပေးနိုင်သည်။သို့သော်သာမန်DVDဖွင့်စက်များတွင်နှစ်
မျိုးစလုံးအားကြည့်ရှုမရနိုင်ပါ။

HD-DVDနဲ့Blureray-Discဘာကွာလဲ?
နှစ်မျိုးလုံးသည်High-Defရုပ်သံအရည်အသွေးပေးခြင်းကြောင့်သာမာန်လူများအနေဖြင့်ဆုံးဖြတ်ရန်ခက်ခဲလှသည်။သို့သော်အ
သေးစိတ်ခွဲခြားပြရသော်..

HD-DVDသည်(DVD-Forum)Toshibaကော်ပိုရေးရှင်း၏လက်ရာတစ်ခုဖြစ်ပြီး15GB(single-layer)30GB(dual-layer)နှင့်51
GB(triple-layer)အသီးသီးသိုလှောင်နိုင်သည်။ယနေ့အထိဒေတာဖတ်နှုန်းမှာ1x36Mbit/sနှင့်2x72Mbit/sတို့ဖြစ်ကြသည်။ဝီကီ
ပီးဒီယားရှိမှတ်တမ်းများအရအမေရိကန်နိုင်ငံတွင်၂၀၀၇ခုနှစ်နိုဝင်ဘာအထိHD-DVDဖြင့်ရုပ်ရှင်ကားပေါင်း၃၄၄ကားနှင့်ဂျပန်
တွင်စက်တင်ဘာလအထိ၁၃၃ကားထုတ်လုပ်ခဲ့ပြီးဖြစ်သည်။

Blueray-Discအား(Blu-ray-Disc-Association)Sonyမှကြီးမှုးထုတ်လုပ်ပြီးblue-violetလေဆာဖြင့်ဖတ်ခြင်းအားအကြောင်းပြု
၍အထက်ပါနာမည်ယူခဲ့သည်။ဒေတာသိုလှောင်နိုင်မှုမှာ25GB(single-layer),50GB(dual-layer)တို့ဖြစ်ပြီးဒေတာဖတ်နှုန်းမှာ
HD-DVD၏နှုန်းအတိုင်းဖြစ်သည်။အမေရိကန်တွင်၂၀၀၇ခုနှစ်နိုဝင်ဘာလထိရုပ်ရှင်ကားပေါင်း၄၁၅ထုတ်လုပ်ခဲ့ပြီးဂျပန်တွင်
အောက်တိုဘာလထိ၁၇၉ကားထုတ်လုပ်ဖြန့်ချီခဲ့ပြီးဖြစ်သည်။

နှစ်မျိုးစလုံးသုံးလို့မရဘူးလား?
တစ်ဂူထဲတွင်ခြင်္သေ့နှစ်ကောင်မအောင်းဆိုသလိုပင်HD-DVDနှင့်Bluerayတို့၏ပြိုင်ဆိုင်မှုသည်လွန်စွာကြီးမားပြီး"Format-war"
ဟုပင်ခေါ်ဆိုကြသည်။သမိုင်းအားအနည်းငယ်ပြန်ကောက်သော်ဗီဒီယိုဖွင့်စက်များပေါ်ဦးစကာလ၌VHSနှင့်Betamaxဟူသော
တိတ်ခွေအမျိုးအစား၂မျိုးပေါ်ခဲ့ပြီးနောက်ဆုံးတွင်VHSမှအနိုင်ယူခဲ့သည်။အကြောင်းမှာရုပ်ရှင်ထုတ်လုပ်သူများအနေဖြင့်အမြဲ
တမ်း၂မျိုးစီလိုက်မထုတ်နိုင်သလိုဝယ်ယူသူများအနေဖြင့်လည်းသတ်သတ်မှတ်မှတ်စက်တစ်မျိုးသာဝယ်ယူသောကြောင့်Format
နှစ်မျိုးကြာကြာပူးတွဲမတည်ရှိနိုင်ခြင်းဖြစ်သည်။အလားတူပင်HD-DVDနှင့်Bluerayတို့အတွက်လည်းမတူကွဲပြားသည်စက်တစ်
မျိုးစီလိုမည်ဖြစ်သောကြောင့်ရေရှည်တွင်တစ်ခုမဟုတ်တစ်ခုပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။

ဘယ်တစ်ခုဝယ်သင့်သလဲ?
အကြမ်းဖျင်းအရHD-DVDစက်များသည်Bluerayစက်များထက်ဈေးပိုမိုသက်သာနေသော်လည်း"Format-war"အခြေအနေအရ
Blurayအားပိုမိုဝယ်ယူသင့်သည်ဟုCNETမှဆိုထားသည်။အဓိကအကြောင်းရင်းမှာSonyသည်၂၀၀၈ပထမအပတ်အတွင်းကအ
ကြီးဆုံးရုပ်ရှင်ဖြန့်ချီရေးကုမ္ပဏီဖြစ်သောWarner-Brosအားအောင်မြင်စွာစည်းရုံးလိုက်နိုင်ပြီးအသားစီးရယူလိုက်သောကြောင့်
ဖြစ်သည်။ယခုအခါWarner-Brosသည်Walt-Disney-20th-CenturyFoxနှင့်Metro-Goldwyn-Mayerတို့နှင့်အတူBluerayစနစ်
ဖြင့်ရုပ်ရှင်များထုတ်လုပ်ရောင်းချသည့်အုပ်စုတွင်ပါဝင်လာပြီးထိုကုမ္ပဏီများအားလုံးပေါင်းသည်ဟောလီးဝုဒ်ရုပ်ရှင်ထုတ်လုပ်မှု၏
၇၀%ရှိနေသည်။Paramount၊Dreamworksတို့မှာအပြာရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများနှင့်အတူHD-DVDအားဆက်လက်အသုံး
ပြုမည်ဖြစ်ကြောင်းကြေငြာထားသည်။ထို့အပြင်Sony၏Playstaion3စက်များတွင်Blueray-Driveပါဝင်လာပြီးMicrosoftကမူသူ
၏Xbox360အားလိုအပ်လျှင်HD-DVDမှBlueray-Driveများပြောင်းလဲထုတ်လုပ်နိုင်ရန်အသင့်ပြင်ထားသည်ဟုဆိုခြင်းကြောင့်Blu
-erayအားပိုမိုဝယ်ယူသင့်သည်။
(နှစ်မျိုးလုံးအသုံးပြု၍ရသည့်စက်များဈေးကွက်အတွင်းဝင်ရောက်နေသော်လည်းစက်၂မျိုးဝယ်ခြင်းထက်စရိတ်ပိုများနေသည်)


Read More...

ကမ္ဘာ့ဈေးအသက်သာဆုံးTata Nano(သို့)အိန္ဒိယ၏ပြည်သူ.အတွက်ကား


တံခါး၎ပေါက်နှင့်လူ၅ယောက်တော့ထိုင်နိုင်သည်။မြင်းကောင်ရေ၃၃ကောင်အားရှိ624ccဓာတ်ဆီအင်ဂျင်အားနောက်ထိုင်ခုန်၏
အောက်ဖက်တွင်တပ်ဆင်ထားပြီးပါဝါsteeringမရှိ။လေအေးပေးစက်နတ္တိ။ခေတ်ဟောင်းမော်ဒယ်မော်တော်ကားများကဲ့သို့လက်
ဖြင့်လှည့်ပြီးသာဘေးမှန်များအားတင်နိုင်ချနိုင်သည်။မိုင်ကုန်ဖိနင်းလျှင်တော့တစ်နာရီ၄၃မိုင်(ကီလို၇၀)ထိကောင်းကောင်းပြေး
လိမ့်မည်။သို့သော်ဈေးနှုန်းကအံမခန်းဖွယ်ရာ၊အသစ်စက်စက်တွင်မှဒေါ်လာ၂၅၀၀။ထိုကဲ့သို့အရည်အချင်းများနှင့်ပြည့်စုံသော
ကားအားTata-Nanoဟုခေါ်သည်။

အဆိုပါTata-Nanoအားအိန္ဒိယနိုင်ငံ၊နယူးဒေလီမြိုတွင်ကျင်းပပြသနေသည့်ကားအိပ်စ်ပို၂၀၀၈တွင်Tata-Motors(အိန္ဒိယ)မှပြသ
သွားခဲ့သည်။မထွက်ရှိသေးမည်ကာလကတည်းကပင်လူအများစိတ်ဝင်စားနေခဲ့ပြီးအိန္ဒိယ၏ပြည်သူ့အတွက်ကားဟုရေပန်းစားနေ
ခဲ့သည်။Tata-Motorsဥက္ကဋ္ဌဖြစ်သူမစ္စတာRatan-Tataက"ကျနော်အိန္ဒိယကသာမန်မိသားစုတွေကိုလေ့လာကြည့်မိတယ်။ဖအေ
ကဆိုင်ကယ်မောင်း၊သားကရှေ့နားလေးမှာမတ်တပ်ရပ်ပြီးလိုက်၊နောက်ခုံမှာမအေကခလေးလေးကိုချီပြီးထိုင်တယ်။အဲဒီတော့ဒီလို
သန်းပေါင်းများစွာသောမိသားစုတွေအတွက်ဈေးလည်းသက်သာ၊လုံခြုံဘေးကင်းပြီး၊ဥတုသုံးပါးမရွေးအသုံးပြုနိုင်တဲ့ယာဉ်တစ်စီး
သာထုတ်လုပ်နိုင်ရင်ဘယ်လောက်ကောင်းမလဲပေါ့"ဟုပြောပြသည်။

အထက်ပါအကြံအစည်အတိုင်းအကောင်အထည်ဖေါ်နိုင်ရန်Tata-Motorမှအင်ဂျင်နီယာများနှင့်ဒီဇိုင်နာများ၎နှစ်ကြာအချိန်ပေးခဲ့ရ
သည်။ဈေးနှုန်းများစွာသက်သာပြီး၊လုံခြုံစိတ်ချရရုံသာမကသဘာဝပတ်ဝန်းကျင်းညစ်ညမ်းမှုကာကွယ်ရေးစံနှုန်းများနှင့်လည်းကိုက်
ညီသည်ဟုဆိုသည်။ဓတ်ဆီ၁ဂါလံလျှင်မိုင်၅၀ထိသွားနိုင်ပြီးကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုနည်းခြင်းသည်ပတ်ဝန်းကျင်ထိမ်း
သိမ်းရေးအတွက်များစွာအရေးပါသောအချက်ဖြစ်သည်။

Tata၏ပြောကြားချက်အရရှေးဦးစွာစီးရေ၂သိန်း၅သောင်းထုတ်လုပ်မည်ဖြစ်ပြီးနှစ်အကုန်တွင်တော့စီးရေတစ်သန်းခန့်ထိဝယ်လို
အားရှိလာလိမ့်မည်ဟုမျှော်မှန်းထားကာဒီဇယ်သုံးကားများပါဆက်လက်ထုတ်လုပ်ရန်စီစဉ်နေသည်။အိန္ဒိယရှိသာမန်ပြည်သူများက
တော့Tata-Motor၏စွမ်းဆောင်ချက်အားများစွာကျေးဇူးတင်လျှက်ရှိကြသည်။

Source:BBC

Read More...

Googleနှင့်Panasonicတို့ပူးပေါင်း၍Internet TVထုတ်လုပ်မည်


PcassaမှMike-Horowitz၊YoutubeမှSteve-Chenနှင့်PanasonicမှToshihiro-Sakamotoတို့မီဒီယာများအားထုတ်
ဖေါ်ပြောကြားနေစဉ်။

အင်တာနက်လောကတွင်တရှိန်ထိုးနေရာယူလာနေပြီဖြစ်သောGoogle-incသည်ပြိုင်ဘက်များအားထပ်မံအလဲထိုးနိုင်ရန်အတွက်
အီလက်ထရောနစ်ဘီလူးကြီးMatsushita-Electric-Industrial-Co-Ltdနှင့်ပူးပေါင်းကာအင်တာနက်တီဗီအားထုတ်လုပ်နေကြောင်း
လွန်ခဲ့သောတင်္နလာနေ့ကထုတ်ဖေါ်ပြောကြားလိုက်သည်။ပြောကြားချက်အရMatsushitaအီလက်ထရစ်၏Panasonicတီဗီများတွင်
Googleပိုင်Youtubeဗီဒီယိုများနှင့်Picasa-Web-Albumsများအားကြည့်ရှုအသုံးပြုနိုင်တော့မည်ဖြစ်ပြီးလာမည့်ဖေဖေါ်ဝါရီလကုန်
ခန့်တွင်စတင်ရောင်းချနိုင်မည်ဟုသိရသည်။

ဤကဲ့သို့ပူးပေါင်းခြင်းဖြင့်အင်တာနက်လောက၏မြန်ဆန်တိုးတက်နေမှုအားHigh-Definitionတီဗီလောကသို့ပါချဲထွင်နိုင်မည်ဖြစ်
ကြောင်းLas-VegasရှိConsumer-Electronics-Showတွင်Panasonic၏ဒုတိယဥက္ကဋ္ဌMerwan-Merebyကပြောကြားသွားခဲ့
သည်။လွန်ခဲ့သောနှစ်ကပင်ကမ္ဘာနံပတ်တစ်plasma-TVထုတ်လုပ်သူMatsushitaသည်LCDတီဗီဈေးကွက်အားထိန်းချုပ်နိုင်
လိမ့်မည်ဟုဆိုခဲ့ပြီးစက်ရုံသစ်ဆောက်ရန်ပါလျာထားခဲ့သည်။ထို့အပြင်၃၇လက်မနှင့်အထက်Plasmaတီဗီများထုတ်လုပ်ရန်စရိတ်
သက်သာသောနည်းပညာတစ်မျိုးရှိထားခြင်းကြောင့်လည်းရင်းနှီးမြုပ်နှံမှုများပြင်းပြင်းထန်ထန်ပြုလုပ်လျှက်ရှိသည်။

Source:reuters

Read More...

မိုဘိုင်းဖုန်းများအတွက်Polaroidနှင့်Zinkတို့၏မှင်မဲ့Printer


ရိုက်လျှင်ရိုက်ချင်းကင်မရာအတွင်းမှဓာတ်ပုံချက်ခြင်းထွက်စေသည့်နည်းပညာဖြင့်လူသိများခဲ့သူPolaroid-Corpသည်နောက်တစ်
ဆင့်အနေဖြင့်မိုဘိုင်းဖုန်းနှင့်ဒစ်ဂျစ်တယ်ကင်မရာများအတွက်သေးငယ်ပြီးသယ်ဆောင်သွားနိုင်သည့်Printerတစ်မျိုးစတင်ရောင်း
ချတော့မည်ဖြစ်ကြောင်းတရားဝင်ကြေငြာသွားခဲ့သည်။အလေးချိန်၈အောင်စသာလေးပြီး၊ဖဲထုတ်အရွယ်သာသာရှိသည့်ပရင်တာ
၏ပေါက်ဈေးမှာဒေါ်လာ၁၅၀ဖြစ်သည်။

ပိုမိုထူးခြားသည့်အချက်မှာZink-Imaging-Inc၏thermal-printing-technologyအားအသုံးပြုထားခြင်းကြောင့်မှင်မလိုအပ်ပဲရောင်
စုံဓာတ်ပုံငယ်များရိုက်ထုတ်နိုင်ကြောင်းLas-VegasရှိConsumer-Electronics-Showနှစ်ဖွဲပေါင်း၍ပြသသွားခဲ့သည်။Zink၏နည်း
ပညာသစ်သည်လွန်စွာသေးငယ်ပြီးအထူးစီမံထားသည့်အရောင်ခဲလေးများအားစက္ကူတွင်းသို့မြုပ်နှံထားကာအပူရှိန်အားအသုံးချ
ခြင်းဖြင့်လိုရာအရောင်များပေါ်ပေါက်လာစေသည်။၂၀၀၅နှစ်တွင်စတင်တည်ထောင်ခဲ့သောzinkသည်သူ၏နည်းပညာအားရမန်နှစ်
ကတည်းကထုတ်ဖေါ်ပြသခဲ့သော်လည်းယခုနှစ်မှသာPolaroidနှင့်ပူးပေါင်း၍ဈေးကွက်တွင်းတင်သွင်းလာခြင်းဖြစ်သည်။Zinkသည်
ဂျပန်ဈေးကွက်အတွက်Tomy-Coအားတရားဝင်ပူပေါင်းဆောင်ရွက်မည့်သူအဖြစ်ကြေငြာထားသော်လည်းဈေးနှုန်းနှင့်စတင်ရောင်း
ချမည့်အချိန်အားအတိအကျထုတ်ပြန်မထားသေးပေ။

အထက်ပါမှင်မဲ့Printerအားကြိုးမဲ့Bluetoothနှင့်သော်လည်ကောင်းUSBကြိုးဖြင့်သော်လည်းကောင်းအသုံးပြုနိုင်ပြီး၂လက်မx၃
လက်မအရွယ်ရောင်စုံဓတ်ပုံများအားကပ်ခွါစနစ်ဖြင့်ပါရိုက်ထုတ်နိုင်သည်။လိုအပ်သည့်အထူးစက္ကူတစ်ရွက်အတွက်မူ၄၀centsခန့်
ကုန်ကြမည်ဟုဆိုသည်။

Source:AP

Read More...

နားဖြင့်ပါစကားပြောနိုင်မည့် Sanyo၏ကိရိယာသစ်


ဂျပန်နိုင်ငံNS-ELEXကုမ္ပဏီမှအသစ်တီထွင်လိုက်သောနည်းပညာအရစက်ရုပ်အလုပ်ရုံများ၊ဆောက်လုပ်ရေးအလုပ်ခွင်များအ
ပါအဝင်အခြားဆူညံသောနေရာများတွင်မိုဘိုင်းဖုန်းများအားအနှောက်အယှက်ကင်းကင်းပြောနိုင်တော့မည်ဟုသိရသည်။ထိုကိ
ရိယာသစ်သည်Earphoneပုံသဏ္ဍန်ရှိပြီးSanyoလျှပ်စပ်ပစ္စည်းကုမ္ပဏီမှထုတ်လုပ်သည့်အီလက်ထရောနစ်chipအမျိုးအစားတစ်
မျိုးအသုံးပြုထားသည်။

ဂျပန်ဘာသာဖြင့်"e-Mimi-kun"ဟုအမည်ပေးထားပြီးအင်္ဂလိပ်လိုgood-ear-boyဟုအဓိပ္ပယ်ရသည်။လူ့နားရွက်သည်သာမာန်
အားဖြင့်ပတ်ဝန်းကျင်ရှိဆူညံသံများကို၆ဆလျှော့ချပေးပြီးထိုကိရိယာက၁၀ဆထိလျှော့ချပေးနိုင်သည်ဟုဆိုသည်။ထို့အပြင်ဤ
ကိရိယာသည်မိုက်ခရိုဖုန်းအဖြစ်ပါတစ်ပြိုက်နက်အသုံးပြု၍ရသည်။လူသားတို့စကားပြောသည့်အခါစကားသံတုန်ခါမှုသည်ပါး
စပ်မှသာမကနားရွက်ကပါထွက်သည်ဖြစ်ရာ၊ထိုနားကြပ်တပ်ဆင်ထားခြင်းဖြင့်နားတွင်းတုန်ခါမှုများအားဖမ်းယူပေးနိုင်မည်။ထို့
ကြောင့်ဆူညံနေသည့်ပတ်ဝန်းကျင်တွင်ပါးစပ်အားလက်အုပ်၍ဖုန်းပြောရန်မလိုအပ်တော့သလိုတဖက်မှအသံအားလည်းရှင်း
ရှင်းလင်းလင်းကြားနိုင်သည်ဟုဆိုသည်။

အထက်ပါကိရိယာသည်ကြိုးဖြင့်သာမက၊ကြိုးမဲ့bluetoothစနစ်ဖြင့်ပါမိုဘိုင်းဖုန်းများနှင့်ချိတ်ဆက်အသုံးပြုနိုင်သည်။Sanyo၏အ
ဆိုအရလာမည့်အေပရယ်လတွင်ဈေးကွက်သို့စတင်တင်သွင်းမည်ဖြစ်ပြီးဈေးနှုန်းမသတ်မှတ်ရသေးဟုသိရသည်။



Source:AFP

Read More...

Washletခေါ်စူပါအိမ်သာများ


လွန်ခဲ့သောနှစ်ပေါင်းများစွာကဂျပန်လူမျိုးတို့သည်မဖွံဖြိုးမတိုးတက်သေးသောအခြနေအရအိမ်သာအညစ်အကြေးစွန့်အပြီးတွင်
တုတ်ချောင်းလေးများကိုအသုံးပြုခဲ့ကြသည်။Chugiကိုခေါ်ဝေါ်ပြီးအသုံးပြုရလွယ်ကူရန်အချောသတ်ထားကြသည်။ထို့နောက်Meiji
မင်းဆက်ကာလ(၁၈၆၈-၁၉၁၂)သို့အရောက်တွင်မူအိမ်သာသုံးစက္ကူများအသုံးပြုမှုဖြည်းဖြည်းခြင်းစတင်လာသည်။Meijiကာလ
သည်ဂျပန်နိုင်ငံ၏ရှေးရိုးဆာမူရိုင်းနှင့်စစ်ဘုရင်များကြီးစိုးသည့်ခေတ်မှနိုင်ငံရေး၊စီးပွားရေး၊လူမှုရေးဘက်စုံတွင်ဖွံဖြိုးတိုးတက်မှု
အတွက်အနောက်တိုင်းအားအတုယူပြီးပြုပြင်ပြောင်းလဲခဲ့သောကာလဖြစ်သည်။ထိုစဉ်ကဂျပန်တို့အသည်အိမ်သာသုံးစက္ကူအတွက်
အနောက်တိုင်းမှတင်သွင်းခဲ့ရပြီးတန်ဖိုးလည်းကြီးခဲ့သည်။

ဒုတိယကမ္ဘာစစ်ပြီးအချိန်အတော်ကြာသည့်အချိန်ထိဂျပန်တို့သည်အာရှပုံစံအိမ်သာများ(ဆောင့်ကြောင့်ထိုင်အိမ်သာ)များသာအ
စဉ်အဆက်အသုံးပြုခဲ့ကြသော်လည်းယနေ့ခေတ်အရောက်တွင်အနောက်တိုင်းပုံစံ(ဘိုထိုင်)အိမ်သာများကိုသာပိုမိုသုံးစွဲလာကြသည်။
သက်တောင့်သက်သာပိုရှိသလိုသက်ကြီးရွယ်အိုများအတွက်ပို၍အဆင်ပြေစေသည်။သို့သော်ဂျပန်တို့၏ဝါသနာအတိုင်းအနောက်
တိုင်းအိမ်သာတွင်ဒစ်ဂျစ်တယ်နည်းပညာနှင့်အီလက်ထရောနစ်ပစ္စည်းများတပ်ဆင်အသုံးပြုရာမှWashletခေါ်High-techစူပါအိမ်
သာများစတင်ပေါ်ပေါက်လာကြသည်။


အကြမ်းဖျင်းအားဖြင့်ဂျပန်ရှိအိမ်များတွင်Washletကိုအသုံးပြုကြသလိုအများသုံးအိမ်သာအများစုတွင်လည်းအသုံးပြုကြပြီးမည်သို့မျှ
မထူးခြားသောသာမာန်နေစဉ်သုံးပစ္စည်းဖြစ်သည်။သိုသော်Washletများအားဂျပန်နိုင်ငံအပြင်ဘက်တွင်တွေ့ရခဲပြီးအသုံးပြုမှုမရှိသ
လောက်ပင်။TOTOကမ္ပဏီလိမိတက်မှ၁၉၉၇တွင်စတင်ထုတ်လုပ်ပြီးတစ်နှစ်ထက်တစ်နှစ်ပိုမိုအဆင့်မြင့်သည့်မော်ဒယ်များအား
ထုတ်လုပ်လျှက်ရှိသည်။

Washletအသုံးပြုပုံနှင့်စွမ်းဆောင်ရည်များ။

သာမာန်ဘိုထိုင်အိမ်သာပုံစံရှိပြီးအနီးတွင်လိုသလိုထိန်းချုပ်ရန်ကြိုးမဲ့Control-Panelပါရှိသည်။နောက်ဆုံးပေါ်မော်ဒယ်များတွင်ခ
လုတ်၃၈ခုထိပါရှိသည်။


ခလုတ်၃၈ပါControl Panel


လူအနီးရောက်လာသည်နှင့်Sensorမှချက်ခြင်းအာရုံခံသိရှိကာကမုတ်အဖုံးအားဖွင့်ပေးသည်။Control-Panelမှလည်းအဖုံးအဖွင့်အ
ပိတ်ထိန်းချုပ်နိုင်သည်။

အညစ်အကြေးစွန့်အပြီးအိမ်သာတွင်းမှရေပိုက်ငယ်တစ်ခုထွက်လာကာစအိုအားရေဆေးပေးသည်။မစင်စွန့်အပြီးအတွက်function
တစ်မျိုးဖြစ်သလိုအမျိုးသမီးများကျင်ငယ်စွန့်အပြီးအတွက်လည်းနောက်functionတစ်မျိုးပါသည်။ရေအားအပြင်းအပျော့အားလိုသ
လိုထိန်းချုပ်ပေးနိုင်သည်။

ချမ်းအေးသောရာသီအတွက်ထိုင်ခုံနေရာအား