Showing posts with label pop culture. Show all posts
Showing posts with label pop culture. Show all posts

Hip Hopလောက၏အကြောင်ဆုံးဆွဲကြိုးများ

Image Hosted by ImageShack.us
ရောင်စုံခဲတံ၆၄ချောင်းပုံဆွဲကြိုးနှင့်Sean-Kingston

Urban-Dictionaryခေါ်အွန်လိုက်ဗန်းစကားအဘိဓာန်တွင်တော့chainဆိုသောစကားလုံးအတွက်အောက်ပါအတိုင်းအဓိပ္ပယ်ဖွင့်
ဆိုထားသည်။
A rapper’s source of power. The sunlight to his birdman. Without a chain of platinum/gold/diamonds/bo nes, a rapper loses his ability to drop tight flows over phat beats. The is an absolute necessity, and its importance should not be taken lightly.


ဖိနှိပ်ခံဖြစ်ခဲ့ဖူးသူအမေရိကန်လူမည်းတို့၏လူဖြူယဉ်ကျေးမှုနှင့်မတူတမူထူးခြားအောင်တော်လှန်ဖန်တီးထားသည့်လမ်းဘေး
ယဉ်ကျေးမှုHip-Hopတွင်ကို့ယိုးကားရားနိုင်လှသည့်ဆွဲကြိုးများ၊လက်စွပ်များသာမကကွဲပြားသည့်စကားလုံးအသုံးအနှုန်းဖက်
ရှင်တို့သည်အရေးပါသောအခန်းကဏ္ဍတွင်ပါဝင်သည်။သို့သော်Hip-Hopယဉ်ကျေးမှုအောင်မြင်လာသည့်အချိန်တွင်Rapper
များတစ်ဦးနှင့်တစ်ဦးဆန်းသထက်ဆန်းရန်အရူးထကြရာမှမီဒီယာပေါ်ရောက်လာသည့်အကြောင်ဆုံးဆွဲကြိုး၁၀မျိုးအားInfected
Tubeမှစာရင်းပြုစုထားသည်။

အပြည့်အစုံအားဤနေရာတွင်ကြည့်ပါ။

Read More...

ဟစ်ဟော့ပ်ဘွားဘွားများ


ဝူယင်သည် အသက်၇၁နှစ်ရှိပြီး မြေးတို့ရဲ့အဘွားတယောက်ဖြစ်ပေမယ့် သူမသည် ယနေ့ ကမ္ဘာမှာခေတ်စားနေတဲ့ ဟစ်ဟော့ပ်ဂီတနဲ့ မစိမ်းတဲ့ အပြင် ဟစ်ဟော့ပ်အကဆုတွေ တသီကြီးရယူပိုင်ဆိုင်ထားသူပါ။
သူမ အသက်၆၀ကျော်လောက်မှစတင်ပြီး ဟစ်ဟော့ပ်ဂီတနဲ့ အကကို စတင်လေ့လာလိုက်စားခဲ့ရာ အခုဆိုရင် အမျိုးသမီး ၃၀ကျော် ပါဝင်သော ဟစ်ဟော့ပ်ဘွားဘွားများဆိုတဲ့ အဖွဲ့တခုကို ဦးဆောင်သူတဦးဖြစ်လာခဲ့ပါပြီ။
အဖွဲ့ဝင်အများစုဆိုရင် အသက်၆၀ကျော်တ၀ိုက်ဖြစ်ပြီးအငယ်ဆုံးက ၄၈နှစ်အရွယ်ရှိပါသည်။ တရုတ်နိုင်ငံအတွင်းတဖြည်းဖြည်းလူသိများလာတဲ့ သူမတို့ရဲ့ အဖွဲ့က လာမယ့် တရုတ်အိုလံပစ်မှာ ပါဝင်ဆင်နွှဲမယ်လို့ဆိုပါတယ်။

via pranks
China grannies take hip-hop over hip replacements( Reuters )

Read More...

တိုင်ဝမ်တွင်ခေတ်စားနေသော အိမ်သာစတိုင်ရက်စ်တောရန့်




အိမ်သာပုံစံ ဒီဇိုင်းဆင်ယင်ထားသော စားသောက်ဆိုင်များသည် ၂၀၀၄ ခုနှစ်စောစောပိုင်းမှစ၍ တိုင်ဝမ်တွင်ခေတ်စားခဲ့သည်။ တိုင်ဝမ်တွင်စားသုံးသူများသည် အလတ်စား ဘိုထိုင်အိမ်သာခွက်တွင် ထိုင်ပြီး အီးပုံစံ အိုင်စကရင်ကို စားသုံးကြသည် ကိုကြိုက်နှစ်သက်သောကြောင့် ယခုနှစ်တွင်မူ အလားတူ ဆိုင်များ ၁၂ ဆိုင်မျှတိုးပွားလာခဲ့သည် ဟုသိရှိရသည်။



link

Read More...

မန်းဂအိမ်သာသုံးစက္ကူ



ဂျပန် စက္ကူလူသုံးပစ္စည်း ထုတ်လုပ်သော ဘန်းဘစ် အမည်ရ ကုမ္ပဏီနင့် မန်းဂ(ရုပ်ပြ) အနုပညာရှင် ရကုမိ စုရု ပေါင်းစပ်၍ မန်းဂရုပ်ပုံများရေးဆွဲထားသော အိမ်သာသုံး စက္ကူလိပ်များကို ဂျပန်မန်းဂပရိသတ်များအတွက် ထုတ်လုပ်လိုက်သည်ဟု သိရှိရသည်။
စက္ကူတပိုင်းတွင် ရုပ်ပုံလေးပုံပါရှိသည်ဟုဆိုသည်။ မန်းဂသည် ဂျပန်တွင် လူတန်းစားမရွေးကြိုက်နှစ်သက်သော ဖျောဖြေရေးတရပ်ဖြစ်သောကြောင့် အဆိုပါ မန်းဂအိမ်သာသုံးစက္ကူကို ထုတ်လုပ်သည်ဟု ယူဆရသည်။

via japansugoi

Read More...

၆၀ခုနှစ်များ







It wasn't the vodka or the amphetamines
so much as too many choruses
of "Bartender's Blues."
James would shut down the bar,
gas up his car,
and find himself someplace new.
He bartended himself to death
and died in a nursing home,
a thin old man of thirty-one
who warned strangers, "Man,
you gotta take care of your health."

Sometimes, when the shrapnel moves
and I can't sleep, I question James'
assumption that God takes care of drunks
and people on LSD.
Flipping matchsticks across the lawn,
we weren't even fireflies,
but we thought we were the dawn

Fireflies by Jon Forrest Glade

အထက်ကကဗျာပိုဒ်လေးကတော့ ဗီယက်နမ်မျိုးဆက်ဂျာနယ်ပါ Jon Forrest Glade ၏ Firefliesဆိုတဲ့ကဗျာမှ ထုတ်နှုတ်ထားခြင်းဖြစ်ပါသည်။

ဝီကီတွင်တော့ ၆၀ခုနှစ်များကို အောက်ဖော်ပြပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။

The sixties were a time of immense change in်။ all areas of public and private life, often referred to as a social revolution global in scale. In the United States, for example, social change was wrought by the American civil rights movement, the rise of feminism and gay rights, invention of the microchip and formulation of Moore's Law, and even the rise of neoconservatism. The "Sixties" has become synonymous with all the new, exciting, radical, subversive and/or dangerous (depending on one's viewpoint) events and trends of the period, which continued to develop in the 1970s, 1980s and beyond. In Africa the 60s were a period of radical change as countries gained independence from their European colonial rulers, only for this rule to be replaced in many cases by civil war or corrupt dictatorships.


ဝါးတားဂိတ်အရေးတော်ပုံ တရားမျှတမှုမရှိသော ဗီယက်နမ်စစ်ပွဲ လူ့အခွငိရေးလှုပ်ရှားမှုများ အမျိုးသမီးတို့၏ ယောကျာ်းနှင့်တန်းတူအခွင့်အရေးရရှိရန်လှုပ်ရှားမှုများ အသားရောင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအစရှိသည်တူို့သည် ၆၀ခုနှစ်များတွင်ဖြစ်ပွားခဲ့သည်။
ထိုသို့သောဂယက်အရှိန်များက ၆၀ခုနှစ်များ ကာလဆီင်္က မျူ်းဆက်များ၏ တွေးခေါ်မှုပုံစံကို ပြောင်းလဲစေခဲ့သည်။ The Beatles, The Rolling Stones, The Grateful Dead, Jefferson Airplane, Janis Joplin, Jimi Hendrix Experience and The Doorsတို့ကဲ့သို့သောရော့ခ်အကျော်အမော်များ ဟစ်ပီယဉ်ကျေးမှု ကိုကင်း ဆေးခြောက် နှင့်အခြားသောမူးယစ်ဆေးဝါးများ လွတ်လပ်စွာသွားလာနေထိုင်လိုခြင်း အစရှိသည်တို့မှာ ၆၀ခုနှစ်များ၏ သင်္ကေတပင်ဖြစ်ပါသာည်။
ူ စစ်ဆန့်ကျင်ရေးသဘောတရားများ တရားမျှတ၍လွှတ်လပ်လိုခြင်းများ စသည်တို့သည်သည် ၆၀မျိုးဆက်များ၏ လက်ကိုင်တရားဖြစ်သည်။ ထို့ကြောင့် နာမည်ကျော် ၀ူဒ်စတော့ခ်ကဲံသို့သော ငြိမ်းချမ်းရေးကို အခြေခံသည့် ရော့ခ်ပွဲတော်ကြီးများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။
ထိကဲ့သို့သော အတွေးအခေါ်များနှင့် ပေါ့ပ်ယဉ်ကျေးမှုစတိုင်များသည် အမေရိကနှင့ှ်ုဥရောပမှလူငယ်များကို သာမက ကမ္ဘာ့တ၀ှမ်းမှလူငယ်မျိုးဆက်များဆီသို့လည်း ပျံ့နှံခဲသည့်။ မြန်မာပြည်တွင်မူကား ယနေ့ခေတ်ထိနာမည်ကြီးနေသော ရုပ်ရှင်မင်းသားကြီးကျော်ဟိန်း၊ မင်းမင်းလတ် ဘိုဘိုဟန် ခင်ယုမေစသည့်နာမညါကျော်များပေါ်ထွက်လာခဲ့ပြီး သူတို့၏စတိုင်များကို မြန်မာပြည်မှ၆၀ခုနှစ်လူငယ် များ အသည်းစွဲခဲ့ကြသည်။
မင်းမင်းလတ်၏ ဂေါ်လီမလေး ဘိုဘိုဟန်၏ ပေါင်ချိန်စက် အစရှိသော သီချင်းများတွင် ထိုခေတ်လူငယ်များ၏ နေ့စဉ်ဘ၀ကို တစိတ်တဒေသအားဖြင့်သိရှိနိုင်ပါသည်။


ခေတ်သည်အမြဲပင်တပတ်ပြန်လည်လေ့ရှိပါသည်။ အကြမ်းဖက်မှုများ အီရတ်စစ်ပွဲအရှုပ်တော်ပုံ ဒီမိုကရေစီအနှစ်သာရများပျက်ပျားလာခြင်းနှင့် နည်းပညာများထွန်းကာလာခြင်း အစရှိသည်တို့သည် ယနေ့ခေတ်လူငယ်များ၏ နေ့စဉ်ဘ၀ကို ၆၀ခုနှစ်ကာလများကဲံသို့ တော်လှန်တွန်းလှန်ချင်သော ဆိုရှယ်ပေါက်ကွဲမှုတခူထပ်ဖြစ်ပွားစေနိုင်လားဟုစဉ်းစားမိပါသည်။အထူးသဖြင့်ပေါ့ပ်ယဉ်ကျေးမှု ဂီတ ဖက်ရှင်နှင့် နေ့စဉ်နေထိုင်မှုစတိုင်များတွင် ဖြစ်သည်။ The နှင့်စသောရော့ခ်အဖွဲ့များအပြားပေါ်ထွက်လာခြင်း ၆၀ဒီဇိုင်းဖက်ရှင်များပြန်လည်ခေတ်စားလာခြင်းတို့သည် ခေတ်၏လည်ပတ်တတ်သော သဘောတရားကို သက်သေပြနေသည်ဟု ထင်မြင်ယူဆမိပါသည်။
more 60s photos
Ref: Wiki
The Sixties Project

Read More...

၁၇ နှစ်အရွယ်မိန်းကလေးက မိုင်စပေ့စ်ကိုအမှီပြု၍ တလ၀င်ငွေ ဒေါ်လာ၇သောင်းငွေရှာနိုင်ခြင်း



Fast Company၏ စက်တင်ဘာထုတ်မဂ္ဂဇင်းတွင ဂဲလ်ပါဝါ ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကိုဖော်ပြခဲ့ပါသည်။ အဆိုပါဆောင်းပါးတွင် ၁၇နှစ်အရွယ်မိန်းကလေးတယောကဖြစ်သူ အက်ရှ်လေ က အင်တာနက်တွင် လူသိများသော ၀က်ဘ်ဆိုဒ် မိုင်စပေ့စ် ကိုအမှီပြု၍ ၀င်ငွေရှာဖွေခဲ့ကြောင်း ရေးသားထားသည်။ သူမသည် မိုင်စပေ့စ်ဆိုဒ်တွင် သုံးရန် လူငယ်အကြိုက်ဂရပ်ဖ်ဒီဇိုင်းများကို ပြုလုပ်ဖန်တီးပြီး လစဉ်သန်းနှင့်ချီသော အင်တာနက်ဝက်ဘ်ဆိုဒ်ကြည့်သူအများအပြား၏ စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့သောကြောင့် အရွယ်နှင့်မလိုက် များပြားသောဝင်ငွေကိုရှာဖွေနိုင်ခဲ့သည်ဟု ဆောင်းပါးအရသိရှိရပါသည်။သူမ၏ ၀က်ဘ်ဆိုဒ်မှာ Whateverlife ဖြစ်ပါတယ်။

Ashley is evidence of the meritocracy on the Internet that allows even companies
run by neophyte entrepreneurs to compete, regardless of funding, location, size,
or experience–and she’s a reminder that ingenuity is ageless. She has taken in
more than $1 million, thanks to a now-familiar Web-friendly business model. Her
MySpace page layouts are available for the bargain price of…nothing. They’re
free for the taking. Her only significant source of revenue so far is
advertising.

Read More...

အကြွေစေ့သုံးအေရိုးဘစ်ကစားစက်


ကမ္ဘာပေါ်တွင်အကြွေစေ့အသုံးပြုရသောတယ်လီဖုန်း၊အဝတ်လျှော်စက်၊လက်မှတ်၊ပါမစ်ဝယ်စက်၊ဗီဒီယိုဂိမ်းကစားစက်အစရှိ
သဖြင့်နေရာအနှံအပြားတွင်အသုံးပြုလေ့ရှိကြသည်။ယခုတစ်ကြိမ်တွင်လည်းဂျပန်တို့၏အငြိမ်မနေနိုင်သောတီထွင်ဖန်တီးမှု
ထုံးတမ်းစဉ်လားများအတိုင်းအကြွေစေ့အသုံးပြုရသောခုန်ဆွခုန်ဆွအေရိုးဘစ်ကစားစက်တစ်မျိုးအားဖန်တီးလိုက်ပြန်သည်။
ပုံမှန်အချိန်ဇယားဖြင့်တနေ့တစ်နာရီ၊နှစ်နာရီကဲ့သို့မကစားနိုင်၊အားကစားကလပ်များအားလစဉ်ကြေးနှစ်စဉ်ကြေးများပေးရန်
ငွေမရှိ...ပြသနာအားကောင်းကောင်းကြီးဖြေရှင်းပေးလိုက်နိုင်ပြီဖြစ်သည်။conbiniဟုအမည်တွင်သောဤယန္တရားသည်
၁၀မိနစ်စာခုန်ဆွခုန်ဆွကစားနိုင်ရန်အတွက်ယန်း၅၀၀(ဒေါ်လာ၎.၁၀)ထည့်ရသည်။ထို၁၀မိနစ်အတွင်းတွင်ရှေ့တိုးနောက်
ငင်၊ဘေးသို့ရွေ့ရှားအကြိမ်ပေါင်း၁၅၆၀ခန့်ပြုနိုင်သည်ဟုဆိုကြသည်။

လက်ကိုင်ဖုန်းလစဉ်ကြေးများ၊ဗာရီရမုန့်ဖိုးများကြောင့်ဘိုင်ကျလျှက်ရှိပြီး၊ကျောင်းနှင့်အပျော်အပါးတို့ကြောင့်အချိန်ဟုတ်တိ
ပတ်တိမရှိသူဆယ်ကျော်သက်ကျောင်းသူလေးများလွန်စွာသဘောကျကြသည်။သို့သော်အချို့မှာချွေးပင်သေချာမထွက်ဟု
ဆိုသောကြောင့်ဝိတ်ကျရန်အလို့ငှာသံသယဝင်ဖွယ်ပင်ဖြစ်သည်။

Source:wired

Read More...

ဆဲလ်ဖုန်းသည် အနာဂတ်အတွက်ရုပ်သံရိုက်ကူးကိရိယာဖြစ်လာမည်လား


ဝိုင်ယာဝက်ဘ်ဆိုဒ်၏ ဆောင်းပါးဖြစ်သော Hollywood's Next Anti-Piracy Crusade တွင် မော်ဒန်မြင့်သောဆဲလ်ဖုန်းများသည် ဗွီဒီယိုကင်မရာကဲ့သို့ပင် အရုပ်အသံများကို ရိုက်ကူးနိုင်ကြောင်းတင်ပြထားသည်ကိုဖတ်ရှုရပါသည်။ အဆိုပါဆောင်းပါးတွင် ကမ္ဘာသိဖြစ်ရပ်တခုဖြစ်သော ဆက်ဒမ်ဟူစိန်ကြိုးပေးအသက်ခံရသော ဗွီဒီယိုသည် ဆဲလ်ဖုန်းဖြင့်ရိုက်ကူးထားခြင်းဖြစ်သည်ဟု ဆောင်းပါးရှင်ကတင်ပြထားပါသည်။ ဆဲလ်ဖုန်း၏ စွမ်းရည်နှင့်လုပ်ဆောင်နိုင်စွမ်းများကို သတိပြုမိသောကြောင့် ဟောလိဝုဒ်၏နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးတခုဖြစ်တဲ့ ၀ါနာဘရားသားက ၎င်းတို့ကုမ်ပဏီမှရိုက်ကူးထုတ်လုပ်သော ဟယ်ရီပေါ်တာဇာတ်ကား အရောင်းမြှင့်တင်ရေးဖိတ်ခေါ်ပြပွဲတွင် ဆဲလ်ဖုန်းနှင့်အခြားသောလက်ကိုင်ကိရိယာများကို ယူဆောင်မလာခဲ့ရန်နှင့် ကားထဲတွင်သာထားရှိရန်သတိပေးထားသည်ဟုဆိုပါသည်။

ဆဲလ်ဖုန်း၏ရုပ်သံကူးယူမှုသည် ဘစ်တောရန့်ဝက်ဘ်ဆိုဒ်များတွင် တင်လွှင့်ထားသော ဗွီဒီယိုအပိုင်းတိုလေးများမှတဆင့် လူသိများလာခဲ့ပါသည်။ ၂၁နှစ်သား သြစတြေးလျနိုင်ငံသားတစ်ဦးသည် နာမည်ကြီးရုပ်သံကာတွန်းစီးရီးဖြစ်သော The Simpsons Movieကို ၎င်း၏ ဆဲလ်ဖုန်းဖြင့်ကူးယူ၍ အွန်လိုင်းပေါ်လွှင့်တင်ခြင်းကြောင့် သြစတြေးလျကော်ပီဥပဒေနှင့်ညိစွန်း၍ အဖမ်းခံရသည်မှာ ထင်ရှားသော သက်သေသာဓကပင်ဖြစ်ပါသည်။
သေးငယ်ပေါ့ပါးခြင်း၊ ထားရသိုရလွယ်ကူခြင်း ၊ ဘက်ထရီသက်တမ်းရှည်ကြာခြင်းအစရှိသော ဆဲလ်ဖုန်း၏ ဂုဏ်သတ္တိများသည် တဖြည်းဖြည်းဖြင့် ဖျော်ဖြေတင်ဆက်ရေး လုပ်ငန်းအတွက် ခေါင်းခြောက်စရာ ပြဿနာတရပ်ဖြစ်လာသည်ဟု ဆောင်းပါးရှင်က တင်ပြထားပါသည်။


ဆဲလ်ဖုန်း၏ရုပ်သံရိုက်ကူးမှုစွမ်းရည်သည် ထိုထိုသော ကိစ္စရပ်များ ထိုထိုသော လုပ်ငန်းများအတွက် ပြဿနာဖြစ်ကောင်းဖြစ်လိမ့်မည်ဟုထင်မြင်နိုင်ပါသော်လည်း ကျွန်တော့်၏ အမြင်တွင်မူ ဆဲလ်ဖုန်းသည်ပင်လည်း အင်တာနက်ကဲ့သို့ပင် သုံးသူပေါ်မူတည်ပါလိမ့်မည်။ ပမာဆိုရသော် ဆဲလ်ဖုန်းဖြင့် မိမိရှေ့တွင် ဖြစ်ပွားသော အဖြစ်အပျက်များကို ဗွီဒီယိုရိုက်ယူ၍ ဗွီဒီယိုဘလောဂ်လုပ်နိုင်ခြင်း ပင်ဖြစ်သည်။ အာဖရိကန်သတင်းဝက်ဘ်ဆိုဒ်တခုဖြစ်သော africanews ၀က်ဘ်ဆိုဒ်တွင် တင်ထားသော မိုဘိုင်းသတင်းများသည် ထင်ရှားသောအထောက်အထားပင်ဖြစ်ပါသည်။ သို့ပါ၍ ဆဲလ်ဖုန်းသည် ဗွီဒီယိုခိုးကူးမှုတွင်သုံးနိုင်သကဲ့သို့ ပုဂ္ဂလိကရိုက်ကူးမှုတွင်သော်လည်းကောင်း သတင်းမီဒီယာအတွက်ရိုက်ကူးမှုသော်လည်းကောင်း အသုံးချနိုင်သည်ဟု ထင်မြင်ယူဆမိပါသည်။
source:wired

Read More...

ကတ်ဆက်တိပ် ယဉ်ကျေးမှု

ငယ်ငယ်တုန်းက သီချင်းနားထောင်တုန်းကတော့ စီ၆၀ကက်ဆက်ခွေလေးနဲ့သွင်းယူထားတဲ့ စတီရီယိုကတ်ဆက်တိတ်ခွေကို တရုတ်လုပ်ကက်ဆပ်နဲ့ နားထောင်ရတာပေါ့။ ဒီဘက် ဒစ်ဂျစ်တယ်လ်ခေတ်ရောက်လာတဲ့အခါမှာတော့ အိုင်ပေါ့တ်လို ပုစိညောက်တောက်ပလေယာတွေသုံးပြီး သီချင်းကို အမ်ပီသရီး အမ်ပီဖိုး ဝေ့ဖ် အစရှိတဲ့ ဒစ်ဂျစ်တယ်လ် ဖော်မတ်အမျိုးမျိုး နဲ့ ဂီတရသကိုနားဆင်ခံစားနိုင်ကြပါပြီ။ လွန်ခဲ့တဲ့ ၁၉၆၀လောက်ကစပြီးတော့ ဒတ်ခ်ျပ် အီလက်ထရောနစ်ကုမ္မဏီ ဖီးလစ်ကနေပြီးတော့ ပေါ့ပါးတဲ့ မီဒီယာတမျိုးဖြစ်တဲ့ ကတ်ဆက်တိပ်ကို ဂီတချစ်သူတွေအတွက် မိတ်ဆက်ပေးခဲ့ပါတယ်။ ဈေးနှုန်းသက်သာပြီး ထားရသိုရ လွယ်ကူတဲ့ ကတ်ဆက်တိပ်ဟာ တမုဟုတ်ချင်း ဂီတလုပ်ငန်းမှာရေပန်းစားသွားတဲ့အတွက် တခြားတခြားသော ကုမ္ပဏီတွေကလဲဘဲ ဖီးလစ်ရဲ့ ကတ်ဆက်တိတ်နည်းပညာကို အခြေခံပြီး အမြောက်အမြားထုတ်ယူခဲ့တာကြောင့် ၁၉၈၀များမှတော့ ကမ္ဘာနဲ့အ၀ှမ်း ဂီတလောကမှာ လူကြိုက်များရေပန်းစားလာခဲ့ပါတယ်။ ဒါပေမယ့် အသစ်အသစ်ကို ထုတ်လုပ်ချင် သုံးစွဲချင်တဲ့ လူ့သဘာဝ အာသီသနဲ့ ခေတ်ပေါ်ယဉ်ကျေးမှုကြောင့် သူတို့ဟာ အခုခေတ်ကာလမှာ နေရာမရရှာတော့ပါဘူး။ ဒါပေမယ်ဇိုင်းအနုပညာရှင်တွေက သူတို့ကို အမှတ်တရအနေနဲ့ ခေတ်မှီလူ့အသုံးအဆောင်တွေမှာ ကတ်ဆက်တိပ်ပုံရိပ်ကိုအခြေခံပြီး ဆန်းသစ်လှပတဲ့ ဒီဇိုင်းအမျိုးမျိုးဖန်တီးကာ တချိန်က ပေါ်ပြူလာဖြစ်ခဲ့တဲ့ သူတို့ကို အောက်မေ့သတိရထားပါတယ်။ ဆန်းသစ်လှပတဲ့ ကတ်ဆက်တိပ်လူ့အသုံးအဆောင် ဒီဇိုင်းပုံများကို အောက်မှာကြည့်ရှုနိုင်ပါတယ်။

cassette wallets(အီတလီဒီဇိုင်နာတယောက်ရဲ့ လက်ရာ)

‘cassette tape belt buckle’ by chandra sweet




‘mix tape’ necklace

USB memory stick
Cassette Bag
via designboom

related:Compact Discရဲ့25နှစ်ပြည့်မွေးနေ့မင်္ဂလာ

Read More...