Showing posts with label news. Show all posts
Showing posts with label news. Show all posts

March 8 အတွက်စိတ်ဝင်စားစရာများ

အသက်၈၉နှစ်အရွယ်မလေးရှားအဖွါးအို၊ပါလီမန်တွင်အမတ်အဖြစ်ဝင်ရောက်အရွေးခံရန်
Facebookနှင့်Blogအားအသုံးပြုမဲဆွယ်။ Click Here


ပါကင်ပြသနာအားဖြေရှင်းရန်ခေါက်သိမ်းနိုင်မည့်ကားမျိုးသစ်တီထွင်ရန်MITကြံစည်။
Click Here



ကမ္ဘာ့အညစ်ပတ်ဆုံးမြို့ကြီး၂၅ခုစာရင်း။ Click Here



မြန်မာ့ပထမဆုံးTextbased၊Online-RPGဂီမ်းသစ်Betaအဆင့်စတင်။ Click Here

တမန်တော်မိုဇတ်ဆေးကြောင်နေခြင်းဖြစ်နိုင်ဟုအစ္စရေးသိပ္ပံပညာရှင်၂ဦးပြော။ Click Here





Sporeနှင့်အခြားသောဂီမ်းများIphoneတွင်ကစားနိုင်တော့မည်။ Click Here

Read More...

မေ့လျော့တတ်သူများအတွက်Cyber Googles


ဂျပန်နိုင်ငံတိုကျိုတက္ကသိုလ်မှပညာရှင်တစ်စုသည်တပ်ဆင်သူကြည့်ရှုသမျှအရာဝတ္ထုပစ္စည်းများအားဗီဒီယိုအဖြစ်ခွဲခြားမှတ်
တမ်းတင်ပြီး၊Databaseအတွင်းတွင်သိမ်းဆည်းထားနိုင်သောCyber-Gogglesအမည်ရှိမျက်မှန်အားဖန်တီးထားကြောင်းဂျ
ပန်အခြေဆိုက်Sankeiသတင်းတစ်ရပ်မှဆိုသည်။Cyber-Goggles၏အထက်ပါစွမ်းဆောင်ရည်ကြောင့်ပစ္စည်းများပျောက်ရှ
သည့်အခါ(ဥပမာ-သော့ပျောက်ခြင်း)လွယ်လင့်တကူပြန်လည်ရှာဖွေနိုင်ကြောင်းဖန်တီးသူများထဲမှတစ်ဦးဖြစ်သူပရောဖက်ဆာ
Tatsuya-Haradaကအာမခံပြောကြားသွားသည်။

Cyber-Gogglesတွင်သေးငယ်သောကင်မရာပါရှိပြီး၊ရိုက်ကူးထားသည့်ဗီဒီယိုအားဝတ်ဆင်သူ၏နောက်ကျောတွင်တပ်ဆင်ထား
သောကွန်ပျူတာငယ်ထံသို့ဦးစွာပို့ပေးသည်။ထို့နောက်ကွန်ပျူတာမှimage-recognitionဆော့ဝဲအသုံးပြုကာအရာဝတ္ထုများကို
အမျိုးအစားခွဲခြားမှတ်သားလိုက်ပြီး၊အသုံးပြုသူမှပြန်လည်ရှာဖွေသောအခါမျက်မှန်ညာဖက်ရှိသေးငယ်သောLCDဖန်သားပြင်
ပေါ်တွင်ဗီဒီယိုအဖြစ်ပြန်လည်ဖေါ်ပြပေးသည်။

လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းကတိုကျိုတက္ကသိုလ်တွင်ကျင်းပခဲ့သောအစမ်းပြပွဲတွင်၊မိုဘိုင်းဖုန်း၊တူ၊အလှပန်းအိုးအစရှသည့်
နေ့စဉ်သုံးပစ္စည်းအမျိုး၆၀ခန့်အားခွဲခြားနိုင်ရန်မျက်မှန်၏မှတ်ဥာဏ်တွင်းထည့်သွင်းထားခဲ့ပြီး၊စမ်းသပ်သူမှလှည့်လည်ကြည့်ရှု၍
လွယ်လင့်တကူပြန်လည်ရှာဖွေနိုင်ခဲ့သည်ဟုဆိုသည်။ပရော်ဖက်ဆာTatsuya-HaradaကCyber-Gogglesသည်မေ့လျော့လွယ်
သောသက်ကြီးရွယ်အိုများအတွက်အရေးပါသောကိရိယာဖြစ်လာမည်သာကမ၊အနာဂတ်လူတူစက်ရုပ်များဖန်တီးရာတွင်လည်း
များစွာအသုံးဝင်မည်ဖြစ်ကြောင်းပြောပြသွားခဲ့သည်။

Read More...

March 6 အတွက်စိတ်ဝင်စားစရာများ

ဘေဂျင်းအိုလံပစ်ဖွင့်/ပိတ်ပွဲအတွက်တရုတ်ပညာရှင်တို့မိုးတားပေးနိုင်သည်ဟုဆို။
Click Here


မလေးရှားတွင်ရေနွေးအိုးကြီးအားကိုးကွယ်၍အဖမ်းခံရ။ Click Here




ဆော်ဒီအာရေဗျတွင်ပိုးပန်းခြင်းကြောင့်အမျိုးသား၅၇ဦးအဖမ်းခံရ။
Click Here



ဂျပန်တွင်ပထမဆုံးနှင်းဆီပြာများစတင်ရောင်းချ။ Click Here




လူ၃၀၀၀ကျော်တက်ရောက်သောအိန္ဒိယမှမျောက်လက်ထပ်ပွဲ။
Click Here



မီခြစ်ဆံများဖြင့်တည်ဆောက်ထားသည့်F1ပြိုင်ကား။ Click Here



ထူးထူးခြားခြားပူပေါင်းဖက်ရှင်။ Click Here

Read More...

March 5 အတွက်စိတ်ဝင်စားစရာများ

Internet-explorer8၏Betaဗားရှင်း၁အားစတင်ဆွဲချခွင့်ပြုနေပြီ။ Click Here



လက်၆ချောင်းသာပါသည့်ရေဘဝဲHexapusအားပထမဆုံးစတင်တွေ့ရှိ။
Click here



လေအားဖြင့်ပါသွားလာနိုင်သည့်ကုန်တင်သင်္ဘောကြီးများ။ Click Here




အိုဆာကာမှထူးထူးခြားခြားကုန်းသွားရေသွားTaxiများ။ Click Here






အိပ်ယာတွင်းမှWeb-camရှိုးဖြင့်ချမ်းသာလာနေသောဒတ်ခ်ျလူမျိုးကျောင်းသား။
Click Here



HIVဗိုင်းရပ်စ်ပိုးပြန့်ပွားမှုအားကာကွယ်ပေးနိုင်သည့်မျိုးရိုးဗီဇသစ်တစ်ခုရှာဖွေတွေ့ရှိ။
Click Here





စက်ရုပ်မိုဘိုင်းဖုန်းများလူသား၏အနီးကပ်ဆုံးမိတ်ဆွေဖြစ်လာတော့မည်လော။
Click here

Read More...

Blu-ray Discအနိုင်ရပြီးFormatစစ်ပွဲအဆုံးသတ်သွား


လွန်ခဲ့သည့်နှစ်အနည်းငယ်မှစ၍တစ်ဦးနှင့်တစ်ဦးအပြုတ်တိုက်စီမံကိန်းဖြင့်ပြိုင်ဆိုင်နေခဲ့ကြသောSony၏Blu-rayနှင့်Toshiba
၏HD-Dvdတို့Formatစစ်ပွဲအမှန်တကယ်ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ဖေဖေါ်ဝါရီလ၁၈ရက်နေ့တွင်ToshibaမှHD-Dvdများဆက်
လက်ထုတ်လုပ်မည်မဟုတ်တော့ပဲအရှုံးပေးကြောင်းကြေညာလိုက်ခြင်းကြောင့်Sony၏Blu-rayမှာယနေ့အများစုဆက်လက်အ
သုံးပြုနေကြသောDvdအားအမွေဆက်ခံမည့်တစ်ခုတည်းသောHigh-Definitionအမျိုးအစားဓာတ်ပြားဖြစ်လာခဲ့သည်။

စစ်ပွဲပြီးဆုံးသွားခြင်းကြောင့်HD-dvdရုပ်ရှင်ဖွင့်စက်နှင့်Pcတွင်Hd-dvd-driveများအလျင်စလိုဝယ်ယူထားသူများအဖို့လာမည့်နှစ်
အတွင်းတွင်ပင်အသုံးပြုစရာရှားပါးလာမည်ဖြစ်ပြီးနှစ်အနည်းငယ်အတွင်းပျောက်ကွယ်သွားတော့မည်ဖြစ်သည်။Blu-rayနှင့်HD
dvdတို့သည်လက်ရှိDvdထက်အဆပေါင်းများစွာအချက်အလက်များသိုမှီးနိုင်ခြင်းကြောင့်အမေရိကန်၊ဂျပန်နှင့်အခြားဖွံဖြိုးပြီးနိုင်
ငံများတွင်ပိုမိုကြည်လင်ပြတ်သားသည့်ရုပ်ရှင်ခွေများအဖြစ်ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေပြီဖြစ်သည်။အထက်ပါအမျိုးအစားနှစ်
မျိုးအကြောင်းအား"HD-Dvdနှင့်Blu-rayသင်ကြိုက်ရာရွေး"တွင်ဖတ်ရှုနိုင်သည်။

အပြည့်အစုံဖတ်ရန်

Read More...

ကမ္ဘာ့ပထမဆုံးဆေးခြောက်အရောင်းစက်Los Angelesတွင်စတင်အသုံးပြု


ကျန်းမာရေးအတွက်ဆေးခြောက်အားဆရာဝန်ခွင့်ပြုချက်ဖြင့်သုံးစွဲနေရသူများအတွက်လော့အန်ဂျလိစ်မြို့တွင်ကမ္ဘာ့ပထမဆုံးသော
အလိုအလျှောက်ဆေးခြောက်အရောင်းစက်(anytime-vending-machine)စတင်အသုံးပြုတော့မည်ဟုသိရှိရသည်။

ထိုစက်အားအသုံးပြုနိုင်ရန်အတွက်ရှေးဦးစွာဆရာဝန်၏ခွင့်ပြုချက်လက်မှတ်လိုအပ်မည်ဖြစ်ပြီး၊လက်ဗွေနှိပ်ယူခြင်း၊ဝယ်ယူသူ၏ကိုယ်
ရေးအချက်အလက်ပါဝင်သည့်Prepaidကဒ်ပြားတို့ပါပြုလုပ်ရမည်ဖြစ်သည်။ထိုစက်တွင်ဝယ်ယူရန်အတွက်သီးသန့်အခန်းငယ်တစ်ခု
ပါရှိမည်ဖြစ်ပြီး၂၄နာရီလုံခြုံရေးပါပါဝင်မည်ဖြစ်သည်။ဝယ်ယူသူများအနေဖြင့်တစ်ပတ်လျှင်တစ်အောင်စထိဝယ်ယူနိုင်ခွင့်ရှိပြီးလော့
အန်းဂျလိစ်မြို့၏နေရာ၂နေရာတွင်တင်္နလာနေ့မှစတင်အသုံးပြုတော့မည်ဟုသိရှိရသည်။

Read More...

နမ်းရှုံ့နေပုံအင်တာနက်ပေါ်တင်၍စုံတွဲမှရထားကုမ္ပဏီအားတရားစွဲ


တရုတ်နိုင်ငံရှန်ဟိုင်းမြို့ရှိမြေအောက်ရထားဘူတာရုံတစ်ခုအတွင်းတွင်ပွေ့ဖက်နမ်းရှုံ့နေသောစုံတွဲတစ်တွဲအားလုံခြုံရေးကင်မရာများ
မှတဆင့်ဗီဒီယိုရိုက်ယူကာYoutubeနှင့်အခြားသောဗီဒီယိုမျှဝေဆိုဒ်များသို့ပို့ခဲ့သူဘူတာရုံဝန်ထမ်းများအားထိုစုံတွဲမှတရားစွဲဆိုတော့
မည်ဟုသိရှိရသည်။

ထိုသုံးမိနစ်ကြာဗီဒီယိုသည်Youtubeတွင်နှစ်ရက်အတွင်း၁၅၀၀၀ကျော်ကြည့်ရှုပြီးသွားရုံသာမကလှောင်ပြောင်ရယ်မောနေသောအ
သံများပါပါဝင်နေခြင်းကြောင့်ထိုစုံတွဲမှာများစွာအရှက်ရရသည်ဟုဆိုသည်။ထို့ကြောင့်ထိုစုံတွဲမှရှန်ဟိုင်းမက်ထရိုအသုံးပြုသူများ၏
ကိုယ်ရေးကိုယ်တာလုံခြုံမှုအားကိုယ်စားပြု၍ရှေ့နေငှားရမ်းကာတရားစွဲဆိုသွားမည့်အပြင်အမျိုးသားဖြစ်သူကဘူတာရုံတွင်းသို့ဝင်
သည့်အချိန်တိုင်းများစွာစိတ်မသက်မသာဖြစ်နေရသည်ဟုပြောပြသွားသည်။ရှန်ဟိုင်းMetro-Operationကုမ္ပဏီအနေဖြင့်လည်း
လုံခြုံရေးဗီဒီယိုများအားလွဲမှားစွာအသုံးပြုခဲ့သူဝန်ထမ်းများအားစုံစမ်းရှာဖွေကာပြင်းပြင်းထန်ထန်အပြစ်ပေးသွားမည်ဟုဆင်ဟွာ
သတင်းဋ္ဌာနအားပြောကြားသွားခဲ့သည်။


Read More...

ဘောလုံးကွင်းများအတွင်းထိုးဖေါက်ဝင်ရောက်လာသည့်Bluetoothကြော်ငြာများ


ယနေ့မျိုးဆက်မိုဘိုင်းဖုန်းကွန်ယက်များတွင်သုံးစွဲသူများအနေဖြင့်Mp3များ၊ဗီဒီယိုများ၊ဓာတ်ပုံများနှင့်Gameများအစရှိသည့်မီဒီ
ယာများကိုသာမက၊ရာသီဥတုအခြေအနေ၊အားကစားပွဲရလဒ်များ၊ရုပ်ရှင်အချိန်ဇယားများအစရှိသည့်သတင်းအချက်အလက်များ
ကိုပါအခကြေးငွေပေး၍ကြည့်ရှုသုံးစွဲနေကြခြင်းမှာခေတ်စားသည့်အလေ့အထတစ်ခုဖြစ်သည်။အထက်ပါမီဒီယာများအားမိုဘိုင်း
ဖုန်းများအတွက်အခမဲ့ပေးနိုင်ရနိုင်မည့်အစီအစဉ်ရှိလာနိုင်ပါသလားမေးလာပါကရှိသည်ဟုဖြေရလိမ့်မည်။သို့သော်ဘောလုံးပွဲ
များတွင်သာ။

ဗြိတိန်ရှိBlackburn-Rovers၊Birmingham-City၊West-Ham၊Portsmouth၊Wigan-Athletic၊Wolvesနှင့်Celticဘောလုံးအသင်း
များ၏ကစားကွင်းများတွင်Bluepodကြော်ငြာလုပ်ငန်း၏အကူအညီဖြင့်ဗီဒီယိုများ၊အသံဖိုင်များ၊Textများအပြင်ဘောလုံးအသင်းများ
၏သမိုင်းအကျဉ်း၊ပွဲစဉ်ဇယားများအစရှိသည့်အချက်အလက်များကိုကြော်ငြာများကြားညှပ်၍မိုဘိုင်းဖုန်းများသို့အခမဲ့Downloadပြု
လုပ်နိုင်တော့မည်ဖြစ်သည်။ထိုသို့Downloadပြုလုပ်နိုင်ရန်အတွက်ရိုးရှင်းသောBluetoothကြိုးမဲ့စနစ်အားအသုံးပြုထားပြီးအချက်
အလက်ဒေတာများအားလုံးမှာကစားကွင်းတွင်းရှိBluepodဆာဗာငယ်များမှလာသည်ဟုဆိုသည်။

Bluepodကုမ္ပဏီသည်ဘောလုံးကွင်းများအတွင်းရှိထောင်ပေါင်းများစွားသောပွဲကြည့်ပရိတ်သတ်များအားလွယ်ကူသည့်ကြော်ငြာ
ပစ်မှတ်များအဖြစ်ရှုမြင်ထားသည်။မကြာသေးမီကPortsmouthအသင်းပွဲ၏စမ်းသပ်မှုရလဒ်အရပွဲကြည့်ပရိတ်သတ်၂၀၀၀၀အနက်
၆၀၀၀ကျော်မှာရုပ်ရှင်ထရေလာများအား၎င်းတို့မိုဘိုင်းဖုန်းများသို့Downloadလုပ်သွားခဲ့ခြင်းအလားအလာကောင်းမွန်သောကြော်
ငြာလုပ်ငန်းသစ်တစ်ခုအဖြစ်ယူဆကြသည်။အဆိုပါစနစ်အားအသုံးပြုနိုင်ရန်အတွက်Bluetoothစနစ်ပါဝင်သည့်မိုဘိုင်းဖုန်းရှိရမည်
ဖြစ်ပြီးဖုန်း၏Bluetooth-settingများအလိုက်သင့်ပြောင်းလဲရန်လိုအပ်မည်ဖြစ်သည်။

Source:The register

Read More...

Guinnessစံချိန်သစ်တင်လိုက်သည့်Panasonic၏ဓာတ်ခဲသစ်


"evolution"နှင့်"voltage"စကားလုံးတို့အားပေါင်းစပ်ထားသည့်"Evolta"အမည်ရှိPanasonic၏ဓာတ်ခဲသစ်သည်ကမ္ဘာပေါ်တွင်
သက်တမ်းအကြာဆုံးအသုံးပြုနိုင်သည့်Alkaline-AAဓတ်ခဲအဖြစ်Guinnessစံချိန်သစ်တင်လိုက်နိုင်သည်ဟုသိရှိရသည်။အဆို
ပါဓာတ်ခဲသစ်သည်မဟာပြိုင်ဘက်များဖြစ်သောDuracellနှင့်Energizerတံဆိပ်ဓာတ်ခဲတို့သာမကPanasonic၏ယခင်အကောင်း
ဆုံးဖြစ်သည့်Oxyrideကိုပါကျော်ဖြတ်အနိုင်ယူခဲ့ခြင်းဖြစ်သည်။

Evoltaသည်အခြားသောဓာတ်ခဲများထက်၂၀ရာခိုင်နှုန်းပိုမိုသက်တမ်းကြာရှည်စွာအသုံးပြုနိုင်သည်သာကမShelf-lifeမှာလည်း
၁၀နှစ်ထိကြာရှည်သည်ဟုဆိုသည်။အခြားသောဓာတ်ခဲအမျိုးအစားများတွင်၅နှစ်မှ၇နှစ်ထိသာShelf-lifeရှိရာEvoltaသည်ရောင်း
ချသူဆိုင်ရှင်များအတွက်ပိုမိုအဆင်ပြေစေသည်ဟုPanasonicမှဆိုသည်။ဂျပန်နိုင်ငံတွင်လာမည့်အေပရယ်လမှစ၍Evolta၄လုံး
တွဲအား၅.၄၀ဒေါ်လာတန်ဖိုးဖြင့်ရောင်းချမည်ဖြစ်ရာဈေးကွက်တွင်းရှိသာမန်ဓာတ်ခဲများထက်၁၅ရာခိုင်နှုန်းဈေးပိုများမည်ဖြစ်
သည်။Panasonicသည်လက်ရှိအချိန်ထိOxyrideအမျိုးအစားဓာတ်ခဲပေါင်းသန်း၇၀၀ခန့်ရောင်းချပြီးဖြစ်သော်လည်းအမေရိကန်
ဈေးကွက်တွင်ဝေစုအနည်းငယ်သာရရှိသေးသဖြင့်Evoltaအားများစွာမျှော်လင့်ထားသည်ဟုသိရသည်။

(Shelf-life=စားသောက်ကုန်ပစ္စည်းများတွင်အသုံးပြုသည့်"Expiration-Date"နှင့်တူညီသည်)

Source:CBC news

Read More...

ဇင်ဘာဘွေတွင်၁၀သန်းတန်ငွေစက္ကူထုတ်


ဇင်ဘာဘွေတွင်ယမန်နှစ်အတွင်းကရုတ်ချည်းစီးပွါးရေးကျဆင်းမှုကြောင့်ဆိုးရွားသောငွေကြေးဖေါင်းပွမှုများဖြစ်ပေါ်ခဲ့ပြီးဇင်ဘာဘွေ
ဒေါ်လာ၂သိန်းတန်အထိထုတ်လုပ်ခဲ့ရကြောင်းပထမအကြိမ်အဖြစ်ဘိုးစိန်တွင်ရေးသားခဲ့ဖူးပြီးဖြစ်သည်။ယခုတွင်လည်းစီးပွါးရေးကျ
ဆင်းမှုများနှင့်ငွေကြေးဖေါင်းပွမှုများဆက်လက်၍ထိမ်းမနိုင်သိမ်းမရဖြစ်နေခြင်းများကြောင့်ဇင်ဘာဘွေဒေါ်လာ၁၀သန်းတန်ငွေစက္ကူ
များစတင်ထုတ်လုပ်သုံးစွဲတော့မည်ဟုDaily-Mailဝက်ဆိုဒ်တွင်ဖေါ်ပြထားသည်။

ဇင်ဘာဘွေနိုင်ငံReserve-Bank၏ဥက္ကဋ္ဌGideon-Gonoကဒေါ်လာ၁၀သန်းတန်ငွေစက္ကူများနှင့်အတူဒေါ်လာ၅သန်းတန်နှင့်၁သန်း
တန်ငွေစက္ကူများပါအတူပူးတွဲထုတ်ဝေသွားမည်ဟုဆိုသည်။ဇင်ဘာဘွေနိုင်ငံ၏လက်ရှိငွေကြေးဖေါင်းပွမှုနှုန်းထားမှာ၂၅၀၀၀ရာခိုင်
နှုန်းဟုဆိုသော်လည်းသီးခြားလွတ်လပ်သည့်အဖွဲ့အစည်းများ၏လေ့လာချက်အရာအမှန်တကယ်ဖေါင်းပွမှုနှုန်းထားမှာ၁သိန်း၅သောင်း
ရာခိုင်နှုန်းခန့်အထိရှိနိုင်မည်ဟုခန့်မှန်းကြသည်။ထို့ကြောင့်ပင်၂၀၀၆ခုနှစ်သြဂုတ်လမှအစပြု၍ငွေစက္ကူများအားသုညသုံးလုံးအထိ
တန်ဖိုးတိုးမြှင့်ခဲ့ရပြီးနောက်ဆုံးထုတ်ဝေထားသောငွေစက္ကူမှာဒေါ်လာ၇သိန်း၅သောင်းတန်ဖြစ်သည်။Gideon-Gonoကဆက်လက်
ပြီးပြောကြားရာတွင်ဇင်ဘာဘွေနိုင်ငံသားများအနေအဖြင့်တစ်နေ့လျှင်ဒေါ်လာသန်း၅၀မှသန်း၅၀၀ထိဘဏ်မှထုတ်ယူခွင့်ရှိပြီးစစ်
သားများနှင့်ရဲများအတွက်အထူးအစီအစဉ်ဖြင့်ငွေထုတ်ယူမှုပြုလုပ်နိုင်ရန်စီမံနေကြောင်းဆိုသည်။

ဇင်ဘာဘွေဒေါ်လာ၁၀သန်း၏မှောင်ခိုဈေးကွက်တန်ဖိုးမှာအင်္ဂလိပ်ငွေ၂ပေါင်စတာလင်ခန့်နှင့်ညီမျှပြီးသာမန်ကော်ဖီဆိုင်တစ်ဆိုင်မှ
ဟန်ဘာဂါတစ်လုံးအတွက်ဇင်ဒေါ်လာ၁၅သန်းခန့်ပေးရမည်ဖြစ်သည်။ဟန်ဘာဂါဈေးနှုန်းများမှာယခုလအတွင်းပင်သုံးဆခန့်မြင့်တက်
ခဲ့ပြီးပေါင်းမုန့်၊အသားနှင့်အခြားသောအခြေခံစားသုံကုန်ပစ္စည်းများရှားပါးမှုကြောင့်ဖြစ်သည်ဟုသိရှိရသည်။

Read More...

ဈေူးဝယ်ခြင်းအားတစ်ခေတ်ဆန်းသစ်စေမည့်Media Cart


ကုန်တိုက်ကြီးများနှင့်စူပါမားကတ်ကြီးများ၌အသုံးပြုသည့်ဈေးဝယ်တွန်းလှည်းများတွင်ထိုလှည်းများမှတဆင့်ဈေးဝယ်သူများအ
တွက်ကြော်ငြာများနှင့်အထောက်အကူပေးနိုင်မည့်သတင်းအချက်အလက်များပေးပို့နိုင်ရန်Microsoftကော်ပိုရေးရှင်းမှကြိုပမ်း
လျှက်ရှိသည်ဟုအေပီသတင်းတစ်ရပ်တွင်ဖေါ်ပြထားသည်။Microsoftသည်တက္ကဆပ်ပြည်နယ်မှMediaCart-Holdings-Incနှင့်
အတူပူးပေါင်း၍ဆိုင်ရှိရောင်းကုန်ပစ္စည်းများအားလွယ်လင့်တကူရှာဖွေပေးနိုင်ပြီးကောင်တာတွင်စောင့်ဆိုင်းရန်မလိုမိမိဘာသာ
စစ်ဆေးငွေပေးချေနိုင်သောဒစ်ဂျစ်ဒယ်စနစ်တရပ်အားဈေးဝယ်တွန်းလှည်းများတွင်တပ်ဆင်ရန်ကြိုးပမ်းနေသည်မှာ၎နှစ်ကြာ
ခန့်ရှိပြီဖြစ်သည်ဟုဆိုသည်။

Microsoftသည်ယမန်နှစ်ကအွန်လိုင်းကြော်ငြာကုမ္ပဏီaQuantiveအားဒေါ်လာ၆ဘီလျံနှင့်ဝယ်ယူခဲ့ခြင်းမှာဈေးဝယ်လှည်းများ
၏ဖန်သားပြင်ပေါ်တွင်ကြော်ငြာများထည့်သွင်းနိုင်ရန်အတွက်အင်အားဖြည့်တင်းလိုက်ခြင်းဖြစ်သည်။၂၀၀၈ခုနှစ်၏နှစ်ဝက်ခန့်
မှအစပြု၍Wakefern-Food-Corpပိုင်အမေရိကန်အရှေ့ဘက်ကမ်းရှိShopRiteစူပါမားကတ်များတွင်အဆိုပါခေတ်သစ်ဈေး
ဝယ်လှည်း(သို့)Media-Cartများအားစမ်းသပ်အသုံးပြုမည်ဖြစ်သည်။ShopRiteစူပါမားကတ်များ၏ဖေါက်သည်ကဒ်ပြားပိုင်ဆိုင်
သူများသည်ဝက်ဆိုဒ်သို့ဝင်ရောက်၍မိမိဝယ်လိုသောပစ္စည်းစားရင်းအားပြုလုပ်နိုင်ပြီးစူပါမားကတ်သို့အရောက်တွင်ကဒ်ပြား
အားလှည်းတွင်ဖြတ်လိုက်ရုံဖြင့်မိမိအိမ်တွင်ပြုလုပ်ထားခဲ့သောပစ္စည်းစားရင်းပေါ်လာမည်ဖြစ်သည်။ထို့နောက်လိုအပ်သည့်
ပစ္စည်များအားလှည်းတွင်းသို့ထည့်တိုင်းစားရင်းမှဖယ်ထုတ်ပေးကာ၊စုစုပေါင်းကျသင့်ငွေပါပေါ်နေမည်ဖြစ်သည်။

ထို့အပြင်Media-Cartစနစ်တွင်RFIDခေါ်radio-frequency-identificationနည်းပညာအားအသုံးပြုထားခြင်းကြောင့်လှည်းများ
ဆိုင်တွင်းရှိမရှိအားအချိန်မရွေးသိရှိနိုင်မည်ဖြစ်သည်။RFIDနည်းပညာ၏အခြားသောအသုံးဝင်မှုတစ်ခုမှာဈေးဝယ်သူ၏တည်
နေရာပေါ်မူတည်၍သက်ဆိုင်သည့်ကြော်ငြာများလွှင့်ထုတ်ဖမ်းယူပေးနိုင်ခြင်းဖြစ်သည်။ဥပမာ-ဈေးဝယ်သူသည်ဘီစကွတ်များ
ရောင်းချသည့်အတန်းသို့ရောက်ရှိနေပါကဘီစကွတ်အမျိုးမျိုး၏ကြော်ငြာများပေါ်လာမည်ဖြစ်ပြီး၊ယနေ့မည့်သည့်အမျိုးအစား
များဈေးလျှော့ရောင်းချပေးနေကြောင်းအစရှိသည့်အချက်အလက်များပါပါဝင်မည်ဖြစ်သည်။သို့သော်ကြော်ငြာများနှင့်ဈေး
လျှော့ကူပွန်များပိုမိုကောင်းမွန်စွာအလုပ်လုပ်နိုင်ရန်မူဆက်လက်ကြိုးပမ်းနေသေးကြောင်းMicrosoftမှထုတ်ဖေါ်ပြောကြားသွား
သည်။

ထို့အပြင်Microsoftသည်ဈေးဝယ်သူများအားကြော်ငြာရှင်များပိုမိုထိရောက်စွာကြော်ငြာနိုင်ရန်အတွက်ဈေးဝယ်သူများ၏ဈေး
ဝယ်ပစ္စည်းမှတ်တမ်းကိုဖေါက်သည်ကဒ်ပြားမှတဆင့်မှတ်သားထားနိုင်ရန်အတွက်ပါဆောက်ရွက်လျှက်ရှိသည်။Microsoft၏
ကြော်ငြာကဏ္ဍမန်နေဂျာScott-Ferrisက"ဒါဟာကြော်ငြာရုံသက်သက်မဟုတ်ပဲပိုမိုလွယ်ကူစွာဈေးဝယ်နိုင်ဖို့အတွက်လည်းပါ
ပါတယ်"ဟုပြောပြသွားခဲ့သည်။သို့သော်Microsoftအပါအဝင်မည့်သည့်ကုမ္ပဏီမှဈေးဝယ်သူများ၏ကိုယ်ရေးကိုယ်တာအချက်အ
လက်များအားအသုံးပြုမည်မဟုတ်ဟုဆိုသည်။

www.mediacart.com

Read More...

Apple၏ကမ္ဘာ့အပါးဆုံးNotebook "Macbook Air"


ဆန်ဖရန်ဆစ္စကိုတွင်ကျင်းပနေသည့်Macworld2008တွင်Apple၏CEO၊Steve-Jobက"ကျနော်တို့ကမ္ဘာပေါ်မှာအပါးဆုံးသော
Notebookကိုတီထွင်လိုက်ပါပြီ"ဟုဂုဏ်ယူဝင့်ကြွားစွာဖြင့်MacBook-Airအားမိတ်ဆက်ပြသသွားခဲ့သည်။MacBook-Airသည်
ကမ္ဘာပေါ်တွင်အပါးလွှာဆုံးသောNotebookအဖြစ်မှတ်တမ်းတင်သွားပြီးအလေးချိန်၃ပေါင်(၁.၃၆ကီလိုဂရမ်)သာလေးသည်။အ
ပါးဆုံးသောစက်၏ရှေ့ပိုင်းမှာဝ.၁၆လက်မသာရှိပြီးအထူဆုံးဖြစ်သည့်စက်နောက်ပိုင်းမှာလည်းဝ.၇၆လက်မသာရှိသဖြင့်စာတိုက်
သုံးစာအိတ်အလတ်စားထဲသို့ပင်ထည့်သွင်းနိုင်သည်။ယခုလက်ရှိပေါက်ဈေးမှာဒေါ်လာ၁၇၉၉ဖြစ်ပြီးလာမည့်နှစ်ပတ်သုံးပတ်
အတွင်းစတင်ရောင်းချနိုင်မည်ဟုဆိုသည်။

အသေးစိတ်အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • 13.3-inch LED-backlit glossy widescreen display with 1280x800 resolution
  • 1.6 GHz Intel Core 2 Duo processor with 4MB L2 cache
  • 800 MHz front-side bus
  • 2GB of 667 MHz DDR2 SDRAM
  • 80GB hard disk drive with Sudden Motion Sensor
  • Intel Graphics Media Accelerator X3100
  • Micro-DVI port (includes Micro-DVI to VGA and Micro-DVI to DVI Adapters)
  • built-in iSight video camera
  • built-in AirPort Extreme 802.11n wireless networking and Bluetooth 2.1+EDR
  • one USB 2.0 port
  • one headphone port
  • multi-touch TrackPad with support for advanced multi-touch gestures including tap, scroll, pinch, rotate and swipe
  • 45 Watt MagSafe Power Adapter



Read More...

Las Vegasတွင်အထပ်၃၀မြင့်Vertical Farmတည်ဆောက်မည်


အမေရိကန်နိုင်ငံLas-Vegasမြို့တွင်ကမ္ဘာ့ပထမဆုံးသောအထပ်၃၀မြင့်Vertical-Farmခေါ်ရုံတွင်းလယ်ယာစနစ်အားဒေါ်လာသန်း
၂၀၀ခန့်အကုန်အကျခံတည်ဆောက်မည်ဟုသိရသည်။ထိုအဆောက်အအုံကြီးပြီးစီး၍စိုက်ပျိုးရေးလုပ်ငန်းများစတင်နိုင်ပါကတနှစ်
လျှင်လူပေါင်း၇၂၀၀၀အတွက်လုံလောက်သောသီးနှံများထွက်ရှိနိုင်မည့်အပြင်ကမ္ဘာ့လှည့်ခရီးသွားများကိုပါဆွဲဆောင်နိုင်လိမ့်မည်
ဟုတွက်ဆထားကြသည်။

ကမ္ဘာပေါ်ရှိစိုက်ပျိုးထွန်ယက်နိုင်သောမြေဧရိယာ၏၈၀ရာခိုင်နှုန်းအားလယ်ယာမြေအဖြစ်အသုံးပြုလျှက်ရှိနေပြီးကမ္ဘာ့စုစုပေါင်းလူ
ဦးရေ၏၆၀ရာခိုင်နှုန်းမှာမြို့ပြတွင်နေထိုင်လျှက်ရှိနေကြရာVertical-Farmစနစ်သည်မြို့ကြီးများအတွက်များစွာအသုံးဝင်ပြီးလက်
တွေ့ကျသည့်စိုက်ပျိုးရေးစီမံကိန်းတစ်ခုဖြစ်သည်။ကျွမ်းကျင်သူများ၏တွက်ချက်မှန်းဆချက်အရလက်ရှိLas-Vegasစီမံကိန်းတွင်
အသီအနှံများရောင်းရငွေအဖြစ်တစ်နှစ်လျှင်ဒေါ်လာ၂၅သန်းအထိရရှိနိုင်ပြီးကမ္ဘာလှည့်ခရီးသွားများထံမှ၁၅သန်းခန့်ထပ်မံရနိုင်ဦး
မည်ဟုသိရှိရသည်။ထို့အပြင်အဆောက်အအုံတစ်ခုလုံးလည်ပတ်နိုင်ရန်အတွက်တစ်နှစ်စာကုန်ကျစရိတ်မှာဒေါ်လာ၆သန်းသာဖြစ်
ရာအမြတ်ငွေပမာဏမှလောင်းကစားရုံအငယ်စားတစ်ခု၏တစ်နှစ်စာအမြတ်ငွေနှင့်ညီမျှသည်။



သာမန်မြေပေါ်လယ်ယာများနှင့်မတူသည့်Vertical-Farm၏အားသာချက်မှာမြေနေရာအကျယ်အဝန်းသာမက၊မတူညီသည့်စိုက်ပျိုး
သီးနှံများကိုလည်းတစ်ထပ်တွင်တစ်မျိုးကျစိုက်ပျိုးရိတ်သိမ်းနိုင်ခြင်းဖြစ်သည်။ထို့အပြင်လိုအပ်သည့်စွမ်းအင်ပမာဏအတွက်လည်း
နေရောင်ခြည်စွမ်းအင်သုံးSolar-Panelများတပ်ဆင်၍စိုက်ပျိုးပင်များလိုအပ်သည့်ရာသီဥတုခြေအနေအားအတုဖန်တီပေးနိုင်သည်။
အထက်ပါအဆောက်အအုံမှထွက်ရှိလာမည့်ထွက်ကုန်သီးနှံများအားLas-Vegasမြို့ရှိဟိုတယ်ကြီးများ၊လောင်းကစားရုံများနှင့်ဈေးများ
သို့တိုက်ရိုက်ရောင်းချပေးမည်ဖြစ်ပြီး